ခန္ဓာဗေဒ

 

ခန္ဓာဗေဒ (Anatomy) ဆိုသည်မှာ ဇီဝဗေဒ ပညာရပ်အကိုင်းခွဲတစ်ခုဖြစ်ပြီး သက်ရှိအရာများတွင်ရှိသောဖွဲ့စည်းပုံကိုလေ့လာခြင်းဖြစ်သည်။ ခန္ဓာဗေဒ ဟုမြန်မာပြန်လျှင် သင့်လျှော်မည်။ အနာတမီ (Anatomy) ဟူသော ဝေါဟာရသည် ဂရိဘာသာစကားမှ ဆင်းသက်လာ၍ ခွဲစိတ်ခြင်း၊ ဖြတ်တောက်ခြင်းဟု အဓိပ္ပာယ်ရသည်။ ကိုယ်ခန္ဓာရှိ အသားမျှင်အားလုံးတို့ကို ဓား၊ ညှပ်တို့နှင့် သတိရှိရှိဖြင့် ခွဲစိတ်ဖြတ်တောက်ခြင်းအားဖြင့် ဆေးကျောင်းသားတစ်ယောက်သည် ထိုအသားမျှင်တို့၏ အနေအထားနှင့် ယင်းတို့၏ ဆောင်ရွက်မှုတို့ကို တိတိကျကျ သိရှိ နိုင်လေသည်။ သမိုင်းတင်သည့်အခါမှစ၍ လူသေကောင်ကို ဤကဲ့သို့ စူးစမ်းစစ်ဆေး လေ့လာခဲ့သော်လည်း လူတို့၏ အယူသည်းမှု၊ အသိပညာ ကင်းမဲ့မှုတို့ကြောင့် အလယ်ခေတ် တစ်လျှောက်လုံးတွင် သိပ္ပံပညာနည်းဖြင့် ရှာဖွေလုပ်ကိုင်ခဲ့သော လူတစ်စုမှာ အတော်ပင် စိတ်ပျက်ခဲ့ရလေသည်။ ယခုခေတ် အနာတမီပညာကို စတင် ပြုစုပျိုးထောင်သူမှာ ဗီဆေးလိယပ် အမည်ရှိ ဗဲလဂျီယန် အမျိုးသားတစ်ဦး ဖြစ်သည်။ ၁၆ ရာစု ခေတ်မှာပင် ဣတာလျံလူမျိုးတစ်ဦးဖြစ်သော ဖဲလိုးပိယက် အမည်ရှိ ပုဂ္ဂိုလ်သည် နောက်ခေတ် သုတေသီများကို များစွာ ကူညီခဲ့လေသည်။ ရှေးခေတ်က ခွဲစိတ်စစ်ဆေးရန် လူသေကောင်ရဖို့ အရေး သည် မလွယ်ကူလှချေ။ သုသာန်မှ လူသေကောင်များကိုခိုး၍ ဆရာဝန်နှင့် ခွဲစိတ်ကုဆရာဝန်များကို ပေးရသည်။ ခွဲစိတ်ကု ဆရာဝန်များက မိမိတို့၏ ဆိုင်ရာ ကျောင်းသားများကို လူသေကောင်များဖြင့် လက်တွေ့သင်ကြားပေးရလေသည်။ ၁၉ ရာစု ခေတ်မှာပင် လူသတ်သမားကြီးများဖြစ်ကြသော ဗတ်နှင့် ဟဲတို့ သည် မိမိတို့ သတ်ဖြတ်ခဲ့သော အလောင်းကောင်များကို အက်ဒင်ဗရာမြို့မှ ဒေါက်တာနော့အား လက်တွေ့ စမ်းသပ်ရန် ရောင်းချကြသည်။ ယခုတိုင် လန်ဒန်မြို့ရှိ အချို့သော ဝတ် ကျောင်းပတ်လည် သုသာန်မြေဟောင်းများတွင် ညဉ့်အစောင့် များသည် လူသေအလောင်း သူခိုးများကို စောင့်ဖမ်းနေကြ ရသည်။ ကျွန်ုပ်တို့ခေတ်တွင်မူကား လူများသည် အမြင်ပို၍ ကျယ်လာသည်ဖြစ်ရကား ခွဲစိတ်ခြင်းကို သဘောပေါက်လာရာ ရောဂါဆန်းနှင့် သေဆုံးသောသူ၏ အလောင်းများကို ခွဲစိတ် စစ်ဆေးနိုင်ရန် ဆေးရုံရှိ ဆရာဝန်များထံ ထားခဲ့ကြလေသည်။ ဤသို့ ထားခဲ့ခြင်းအားဖြင့် ရောဂါပျောက်ကင်းရေးတွင် ဆရာဝန်များအား ကူညီရာရောက်သည်ဟု သိရှိလာကြသည်။ ခန္ဓာကိုယ် ဆောင်ရွက်မှုများကို အမျိုးမျိုးသော အင်္ဂါစုများ က ထိန်းသိမ်း စောင့်ရှောက်လျက် ရှိကြ၏။ ပါးစပ်မှ စအိုထိ တောက်လျှောက်တန်းလျက်ရှိသော အစာချေအင်္ဂါစုသည် အစာကို ညက်ညက်ကြေအောင် ဝါး၍ သက်ရှိတို့၏ လိုအပ်သော နေရာများသို့ပို့ပေးရန် ပြင်ဆင်မှုများ ပြုလုပ်ပေးရသည်။ အသက်ရှူမှု အင်္ဂါစုတွင် အဆုတ်နှင့် လေလမ်းများပါဝင်ရာ ယင်းတို့က အောက်စီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်များကို လဲလှယ်ပေးရ၏။ သွေးကြောစုသည် နှလုံးဟုဆိုအပ်သော သန်မာသည့် အသားပြွတ်တစ်ခုဖြင့် ပြုလုပ်ထားရာ ထို နှလုံးသည် ကိုယ်အင်္ဂါ အစိတ်အပိုင်း အရပ်ရပ်သို့ သွေးများ ပျံ့နှံ့သွားစေရန် သွေးလွှတ် ကြော၊ သွေးပြန်ကြော၊ သွေးမျှင် ကြောတို့မှတဆင့် ပန်းထုတ်ပေးရသည်။ သွေးသည် အောက်ဆီဂျင်ကို တစ်ရှူးများဆီသို့ ပို့၍ ကာဗွန်အောက်ဆိုဒ်ကို ဖယ်ရှားပစ်သည်။

ခန္ဓာကိုယ် အရိုးစုသည် ကိုယ်ထည်တစ်ခုလုံးကို ထောက်ပံ့၍ ဆောင်ထား၏။ အရိုးများတွင် ကြွက်စွန်းကြောများ ကပ်လျက်ရှိသောကြောင့် လှုပ်ရှားနိုင်၏။ နာဗ်ကြောများ ကပ်လျက် ရှိသောကြောင့် လှုပ်ရှားနိုင်၏။ နာဗ်ကြောအဖွဲ့သည် အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အတွေ့အထိစေသာ အာရုံများ၏ စေ့ဆော်မှုများကို သယ်ဆောင်ယူသွားသော အဖွဲ့အစည်း ဖြစ်သည်။ မာသောခေါင်းခွံဖြင့် ဖုံးအုပ်ကာကွယ်ထားသော ဦးနှောက်သည်ကား မှတ်ဉာဏ်နှင့် ဆင်ခြင်တုံတရားစသော စိတ်နှင့်ဆိုင်သည့် ဆောင်ရွက်မှုတို့ကို ပြုလုပ်ဆောင်ရွက်သော ဗဟိုဌာန ဖြစ်သည်။

ကျွန်ုပ်တို့၏ ခန္ဓာကိုယ် အဆောက်အအုံကို ခွဲစိတ် လေ့လာသော အတတ်ပညာကို လက်တွေ့ အနာတမီဟု ခေါ်သည်။ ယင်းလက်တွေ့ပညာသည် ခွဲစိတ်ကုဆရာဝန်အတွက် အလွန်လိုအားအပ်သော အခြေခံပညာ ဖြစ်သည့်ပြင် သာမန် ဆရာဝန် အတွက်လည်း လိုပေသည်။ လူမှတစ်ပါး တိရစ္ဆာန် အမျိုးမျိုး ရှိရာတွင် တစ်မျိုးနှင့်တစ်မျိုး မည်သို့ အဆက်အသွယ်ရှိပုံကို လည်း နှိုင်းယှည့်၍ ခွဲစိတ် လေ့လာကြသေးသည်။ ၁၈ ရာစု ခေတ်တွင် ကူးဗီယေ, ဂျီအမည်ရှိ ပြင်သစ် အမျိုးသားတစ်ဦးသည် တိရစ္ဆာန်များကို ယင်းတို့၏ အသွင်ဖြင့် မဟုတ်ပဲ ကိုယ်တွင်း တည်ဆောက်ထားသည့် အနေအထားကိုလိုက်၍ အမျိုးအစား ခွဲခြင်းကို စတင် ပြုစု ပေးခဲ့သည်။

နောက်ရာစုခေတ်တွင် ချားလ်စ်ဒါဝင်က အချို့ တိရစ္ဆာန်အစုများသည် တစ်စုနှင့်တစ်စု တည်ဆောက်ထားပုံခြင်းတူကြောင်း ဖော်ပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် ရှေးတိရစ္ဆာန်တစ်မျိုးတည်းမှ ဆင်းသက်ပေါက်ဖွားလာခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

ဆောင်ရွက်မှု အနာတမီသည် ခန္ဓာကိုယ် အစိတ်အပိုင်းများ၏ လုပ်ကိုင်မှုနှင့် ပတ်သက်သည်။ ဤပညာရပ်ခွဲနှင့် စပ် လျဉ်း၍ ၁၆၂၈ ခုနှစ်က အင်္ဂလိပ်လူမျိုး ဝီလျံဟားဗေးဆိုသူ သည် သွေးလှည့်ပတ်ခြင်းအကြောင်းကို ပြဆိုခဲ့၏။ သူသည် ပက်ဒူးအားမြို့၌ ဗီဆေးလိယပ်နှင့် ဖဲလိုးပိယက်တို့ ပြုစုလုပ် ကိုင်ခဲ့သော အလုပ်များကို နည်းခံ၍ လေ့လာသင်ကြားခဲ့သည်။ သွေးလှည့်ပတ်ခြင်းအကြောင်းကို ဟားဗေး မတွေ့မီက သွေးသည် လှည့်ပတ်မသွားဘဲ ကိုယ်တွင်း၌ ရှေ့တိုးနောက်ဆုတ်ကာ လှုပ်ရှားလျက်ရှိသည်ဟူ၍ပင် အတော်ဆန်းဆန်း တွေးတော ယူဆခဲ့ကြသည်။


များစွာသော ကိုယ်အင်္ဂါ အစိတ်အပိုင်းတို့၏ အမည်များသည် ထိုအစိတ်အပိုင်းများကို ပထမဆုံး တွေ့ရှိသော ကာယ ဗေဒဆရာတို့၏ အမည်ကိုအစွဲပြု၍ ခေါ်ထားကြခြင်း ဖြစ် သည်။ ခေါင်းခွံရှိ ဂေလင်သွေးပြန်ကြောများ၊ ဦးနှောက်ရှိ ဆီလဗီယက်ပပ်ကြားများ၊ ပေါင်ခြံရှိ ပေါပပ်ရိုးဆက်ရွတ်များ၊ ပေါင်အတွင်းအောက် ပိုင်းရှိ ဟန်းတားပေါင်ဖျားမြောင်း စသည် တို့သည် ထိုပုဂ္ဂိုလ်တို့၏ အမည်ကို အစွဲပြု၍ ခေါ်ထားခြင်း ဖြစ်သည်။ ဂေလင်သည် ဂရိလူမျိုးဖြစ်၍ ရောမမြို့မှ ဆရာဝန် ဖြစ်သည်။ ဆီလဗီယက်သည် လေဒင် တက္ကသိုလ်မှ ဒပ်ချလူမျိုး ပါမောက္ခဖြစ်၍ ပေါပပ်ကား ပြင်သစ်ကာယဗေဒဆရာ ဖြစ်သည်။ ဂျွန်ဟန်းတားသည် လင်းနာ့ရှိုင်ယာနယ်တွင် မွေးဖွား၍ ၁ဝ နှစ်သားအရွယ်တွင် သူ၏ဖခင် သေဆုံးသွား လေသည်။ ထိုကြောင့် ဂျွန်သည် အိမ်ထောင်ပရိဘောဂ လုပ်ကိုင်သူ ဆွေမျိုးတစ်ဦးထံသို့သွား၍ အလုပ်သင်ရသည်။ ဂျွန် အသက် ၂ဝ နီးပါးမျှ ရှိသောအခါ အလုပ်အကိုင် မကောင်းသဖြင့် လန်ဒန်မြို့တွင် အနာတမီ ကထိကဖြစ်နေသော သူ၏အစ်ကိုထံ စာရေး၍ အကူအညီ တောင်းရလေသည်။ သူ၏အစ်ကို ဝီလျံဟန်းတားကလည်း စာရေးသည့်အတိုင်း လန်ဒန်သို့ခေါ်ယူ၍ ခွဲစိတ်ခန်းတွင် အကူအညီအဖြစ်ဖြင့် လုပ်ကိုင်စေလေသည်။

ဂျွန်သည် တစ်နှစ်နီးပါးမျှ လုပ်ကိုင်ပြီးသောအခါ အနာ တမီပညာ၌ အတော်ဗဟုသုတရလာပြီဖြစ်ရကား ဆေးကျောင်း သား အတန်းတစ်တန်းကို သင်ကြားရန် တာဝန်ပေးခြင်း ခံရ လေသည်။ ထိုနောက် ချဲလဆီနှင့် စိန်ဗာသောလမျူးဆေးရုံ တို့တွင် ခွဲစိတ်ခြင်းဆိုင်ရာ ပညာရပ်ကို သင်ကြား တတ်မြောက်ပြီးနောက် ဆေးရုံ တစ်ခုတွင် ခွဲစိတ်ဆရာအဖြစ် ခန့် ထားခြင်း ခံရလေသည်။ ဂျွန်သည် မိမိဝါသနာပါသည့် ပညာရပ်တွင် လေ့လာဆည်းပူးသင်ကြားရသဖြင့် အံ့ဩလောက် အောင် တိုးတက်မှုရလာသောကြောင့် လူထု၏ကြည်ညို လေးစားမှု၊ ဂုဏ်ပြုမှုကို ရရှိလေသည်။ သူရရှိသော ငွေများကို နှိုင်းရှည့် အနာတမီ ပညာသင်ကြားရန်အတွက် နမူနာများကို စုဆောင်းရာ၌ အသုံးပြုခဲ့သည်။ အသက် ၆၅ နှစ်တွင် ဂျွန်ဟန်းတား သေဆုံး၏။ သေဆုံးပြီးနောက် သူစုဆောင်းထားသော နမူနာများကို ဗြိတိသျှ အစိုးရက ပေါင် ၁၄ဝဝဝ နှင့် ဝယ်၍ တော်ဝင်ခွဲစိတ်ရေး ဆရာဝန်များ ကောလိပ်သို့ လွှဲအပ် လိုက်လေသည်။ ဟန်းတားသည် သူ၏ခေတ်တွင် အနာတမီ ပညာ၌ ထူးခြားပြောင်မြောက်အောင် တတ်စွမ်းသည်သာမက ရောဂါစူးစမ်းရေး ဆရာဝန် အကြီးဆုံးလည်း ဖြစ်ခဲ့လေသည်။ ဖဲလိုးပိယက် (၁၅၂၃-၆၂)သည် ဣတလီနိုင်ငံ၊ မိုးဒေနာ မြို့တွင် မွေးဖွား၍ ဖာရာရားမြို့တွင် အနာတမီ ပါမောက္ခ ဖြစ်လာသည်။ ထိုနောက် သူသည် ပက်ဒူးအား တက္ကသိုလ်၌ အနာတမီ၊ ခွဲစိတ်ပညာနှင့် ရုက္ခဗေဒ ပညာရပ်တို့ကို သင်ကြား ပြသ၏။

ဗီဆေးလိယပ် (၁၅၂၄-၆၄)သည် ဗရပ်ဆဲမြို့တွင် မွေးဖွား ၏။ သူလည်း ကျော်ကြားသော ပက်ဒူးအား တက္ကသိုလ်သို့ သွား၍ အနာတမီနှင့် ခွဲစိတ်ပညာကို သင်ကြားပြသသည်။ ထိုနောက် ဣတာလျံတက္ကသိုလ်များ သို့လည်းကောင်း၊ ဗားလ မြို့တက္ကသိုလ်သို့လည်းကောင်း သွားရောက် သင်ကြားပြသ သည်။ ဗီဆေးလိယပ်သည် ဧကရာဇ်ဘုရင် ပဉ္စမမြောက် ချား ၏ သမားတော်ချုပ်အဖြစ် ခန့်အပ်ခြင်းခံရပြီးသည်နောက် လူသေကောင်များကို ခွဲစိတ်သောကြောင့် ယင်းရာထူးမှ ထွက်ရ လေသည်။ ၁၅၄၃ ခုနှစ်တွင် သူသည် အလွန်အရေးကြီးသည့် နှလုံးနှင့် ယင်း၏ အခင်များအကြောင်းစာအုပ်ကို ရေးသား ထုတ်ဝေလေသည်။

 

 

အခြေခံ ခန္ဓာဗေဒ

လူ့ခန္ဓာကိုယ်သည် သက်ရှိသတ္တဝါများအနက် အရှုပ်ထွေးဆုံးဖြစ်ပြီး။ Microscope အနုကြည့် မှန်ဘီလူး ဖြင့်သာ မြင်ရသည့် သေးငယ်လွန်းသော အစိတ်အပိုင်း Cells (ဆဲလ်) သန်းထောင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသည်။

  • Cells (ဆဲလ်) ကလပ်စည်း = သက်ရှိတို့၏ အသေးငယ်ဆုံးသော အစိတ်အပိုင်းဖြစ်သည်။
  • Tissues တစ်ရှူး = တူညီသည့် (ဆဲလ်)များဖြင့် ဖွဲ့စည်းထားသည်။ ဥပမာ Epithelial Tissue (အပီသီလီရယ်) အပေါ်ယံလွှာ၊ Connective Tissue (ကွန်နက်တစ်) တွယ်ဆက်၊ Muscle Tissue (မာဆယ်) ကြွက်သား၊ Nervous Tissue (နားဘတ်စ်) အာရုံကြော။ စက္ကန့်တိုင်းမှာ တစ်ရှူးအသစ်နှင့် ဆဲလ်အသစ် စုစုပေါင်း ၂၅ သန်း ဖြစ်ပေါ်နေသည်။
  • Organs အင်္ဂါအစိတ်အပိုင်း = မတူညီသော (တစ်ရှူး) များစွာတို့ ပါဝင်ပြီး၊ အလုပ်တမျိုးကို ဆောင်ရွက်ရန် ဖွဲ့စည်းထားသည်။ ဥပမာ အစာအိမ်တွင် ကြွက်သား + အာရုံကြော + အပေါ်လွှာ + အတွင်းလွှာတို့ ပေါင်းစပ် ပါဝင်နေကြသည်။
  • Systems စနစ် = သက်ရှိတို့၏ ရှုပ်ထွေးသည့် အမျိုးမျိုးသော အင်္ဂါအစိတ်အပိုင်းများဖြင့် ဖွဲ့စည်း ထားသည်။ စနစ် (၁ဝ) မျိုးရှိသည်။

 

 

ခန္ဓဗေဒ စနစ် (၁ဝ) မျိုး

  1. အရိုးစနစ် (Skeletal (စကယ်လတန်) )
  2. ကြွက်သားစနစ် (Muscular (မာစကူလာ) )
  3. အာရုံကြောစနစ် (Nervous (နားဘတ်စ်))
  4. ဟော်မုန်းစနစ် (Endocrine (အင်ဒိုခရိုင်း))
  5. နှလုံးနှင့် သွေးကြောများစနစ် (Cardiovascular (ကာဒီယို-ဗတ်စကူလာ))
  6. ပြန်ရည်စနစ် (Lymphatic (လင်ဖက်တစ်) )
  7. အသက်ရှူလမ်းကြောင်းစနစ် Respiratory (ရက်စပရေထရီ)
  8. အစာခြေလမ်းကြောင်းစနစ် Digestive (ဒိုင်ဂျက်စတစ်ဖ်)
  9. ဆီးလမ်းကြောင်းစနစ် Urinary (ယူရယ်နရီ)
  10. မျိုးပွားလမ်းကြောင်းစနစ် Reproductive (ရီပရိုဒတ်တစ်ဖ်)

 

Physiology (ဇီဝကမ္မဗေဒ) ခန္ဓာကိုယ်အလုပ်များနှင့် သက်ရှိဖြစ်စဉ်

(ဇီဝကမ္မ = အသက်၏အလုပ်) ခန္ဓာကိုယ်၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းအလုပ်တို့ ပါဝင်သည်။ အသက်ရှင် ရပ်တည်ရေးအတွက် (ဆဲလ်) များစွာတို့က Homeostasis (ဟိုမီယိုစတေးဆစ်) ခေါ် သမမျှတမှု ဖြစ်စေရန် မရပ်မနား လှုပ်ရှားနေသည့် အမျိုးမျိုးသော လုပ်ငန်းများ လုပ်ဆောင်ကြရသည်။ ပတ်ဝန်းကျင် အခြေအနေ၊ (ဆဲလ်) များနှင့် ပတ်ဝန်းကျင်အတွင်းရှိသည့် ပစ္စည်း တို့၏ အပြောင်းအလဲများ၊ အစာကြေချက်ခြင်း စသည် တို့အား စုစည်း ဆက်စပ်နေသည့် အလုပ်ကြီးပင်ဖြစ်သည်။

ခန္ဓာကိုယ်၏ လုပ်ငန်းများ လုပ်ဆောင်နိုင်မှုသည် အသက်အရွယ်နှင့်အတူ ပြောင်းလဲနေသည်။ ယေဘူယျ အားဖြင့် ငယ်လွန်း၊ ကြီးလွန်းချိန်များတွင် နည်းနည်းသာ လုပ်နိုင်သည်။ သက်ရှိတို့နှင့် သက်မဲ့တို့၏ ကွာခြားချက်မှာ ဖွဲ့စည်းထားပုံ၊ ဇီဝဖြစ်စဉ်၊ တုံ့ပြန်နိုင်စွမ်း၊ လှုပ်ရှားနိုင်မှု၊ မျိုးပွားနိုင်ခြင်းတို့ ဖြစ်သည်။ လူသည် အရှုပ်ထွေးဆုံးသော သတ္တဝါဖြစ်ရာ ထူးခြားစွာ လုပ်နိုင်စွမ်းရှိသည်။ ကြီးထွားခြင်း၊ အသက်ရှူခြင်း၊ အစာခြေခြင်း၊ စွန့်ထုတ်ခြင်း အလုပ်များသည် တခုနှင့်တခု အဆက်အစပ်ရှိရှိ လုပ်ဆောင်နေကြပေသည်။

ဇီဝကမ္မအလုပ် (၁ဝ) မျိုး

 

 

  1. Organization ဖွဲ့စည်းထားပုံ = အားလုံးသော ဖွဲ့စည်းထားပုံ အဆင့်ဆင့်သည် အလုပ်ခွဲခြား ဆောင်ရွက်ကြသည်။
  2. Metabolism ဇီဝဖြစ်စဉ် = အားလုံးသော ဇီဝဖြစ်စဉ်များသည် ဓာတ်ပစ္စည်းများ ပြောင်းလဲခြင်းဖြစ်သည်။
  3. Responsiveness တုံ့ပြန်နိုင်စွမ်း = အတွင်း-အပြင်ပတ်ဝန်းကျင်တို့ပြောင်းလဲနေမှုများကိုလိုက်လျောညီထွေစေသည်။
  4. Movement လှုပ်ရှားနိုင်မှု = ခန္ဓာကိုယ်အတွင်း လှုပ်ရှားမှုများစွာရှိသည်။ ဥပမာ သွေးသည် လှည့်လည် စီးဆင်းနေသည်။ (ဒိုင်ယာဖရမ်) ခေါ် ဝမ်းဗိုက်နှင့် ရင်ခေါင်းအား ခြားထားသည့် ကြွက်သားသည် အသက်ရှူတိုင်း လှုပ်ရှားနေသည်။ (ဆဲလ်) အတွင်း၌ Molecule (မော်လီကြူး)များ တနေရာမှတနေရာသို့ ရွေ့နေသည်။ ကြွက်သားမျှဉ်များသည် ကြုံ့ခြင်း၊ ဆန့်ခြင်းဖြင့် လှုပ်ရှားမှုရှိနေသည်။

မှတ်ရန်။ (မော်လီကြူး)ဆိုသည်မှာ Atom (အက်တွန်)ခေါ် အနုမြူ ၁-၂ လုံး ပါနေသည့် အရာဝတ္တုတခု၏ အသေးဆုံးသော အစိတ်အပိုင်းကိုခေါ်သည်။ (အက်တွန်) ဆိုသည်မှာ မည်သည့် ဓာတ်ပစ္စည်းမဆို၏ ၎င်း၏ ဓာတ်သဘော အပြည့်ရှိသည့် အသေးဆုံးသော အစိတ်အပိုင်းဖြစ်သည်။

  1. Reproduction မျိုးပွားနိုင်ခြင်း = မိဘနှစ်ပါးက ကလေးမွေးဖွားနိုင်သည်။ (ဆဲလ်) တခုသည် သေသွား၍၎င်း၊ ပျက်စီး သွား၍၎င်း (ဆဲလ်) အသစ်ဖြစ်လာရသည်။ ယင်းတို့ကို မျိုးပွားနိုင်ခြင်းဟု ခေါ်သည်။
  2. Growth ကြီးထွားခြင်း = (ဆဲလ်) များ၏ အရွယ်အစား၊ အရေအတွက် တိုးလာသည်။ သေကျေသွားမှုထက် အသစ် ဖြစ်မှုက ပိုမြန်မှ ကြီးထွားမှု ဖြစ်နိုင်သည်။
  3. Differentiation မတူခြားနားမှုဖြစ်ခြင်း = သာမန်(ဆဲလ်)တခုမှ ထူးခြားသည့်(ဆဲလ်) တခု ဖြစ်လာခြင်းကို ဆိုသည်။ (ဆဲလ်)မှ (တစ်ရှူး)၊ ထိုမှ အင်္ဂါအစိတ်အပိုင်း Organ (အော်ဂင်)တို့ ဖြစ်လာရသည်။
  4. Respiration အသက်ရှူခြင်း = လေကိုရှူသွင်းခြင်း၊ လေထဲမှ အောက်စီဂျင်ကို စုပ်ယူပြီး၊ ကာဗွန်ဒိုင်-အောက်ဆိုက်ကို စွန့်ထုတ်ခြင်း၊ သွေးထဲသို့ ဓာတ်ငွေ့များသယ်ပို့ခြင်းတို့ ဖြစ်သည်။
  5. Digestion အစာခြေခြင်း = စားလိုက်သည့် အစာအား သွေးနှင့်ကိုယ်ထဲသို့ စုပ်ယူနိုင်စေသည့် ရိုးရိုး (မော်လီကြူး) များအဖြစ်သို့ အဆင့်ဆင့် ပြောင်းပေးခြင်း၊ စုပ်ယူခြင်းဖြစ်သည်။
  6. Excretion စွန့်ထုတ်ခြင်း = ခန္ဓာကိုယ်မှ အစာခြေခြင်းနှင့် ဇီဝဖြစ်စဉ်တို့မှ မလိုသော ပစ္စည်းများအား စွန့်ထုတ်ခြင်း။
မှတ်ချက်။ ၎င်းဖြစ်စဉ်ပေါင်း (၁၀)မျိုးသာမက ရေ၊ အောက်စီဂျင်၊ အာဟာရ၊ အပူဓာတ်နှင့် ဖိအားတို့လည်း လိုအပ်သည်။

အချို့ သတ္တဝါများသည် (ဆဲလ်) တခုတည်းရှိပြီး၊ အချို့မှာ (ဆဲလ်) သန်းများစွာရှိကြသည်။ လူ့သန္ဓေဖြစ်စ၌ (ဆဲလ်) တခုတည်းမှ ပွားများလာရသည်။ (ဆဲလ်) များသည် အနုကြည့်မှန်ဘီလူးဖြင့်ကြည့်မှသာ မြင်နိုင်သည်အထိ သေးငယ် သည်။ (ဆဲလ်) အမျိုးအစားပေါင်းများစွာရှိသည်။ လူ့ခန္ဓာကိုယ်၌ (ဆဲလ်)ပေါင်း ၁၀၀ (ထွီလီယန်)ရှိမည်ဟု မှန်းဆရသည်။ ၁ (ထွီလီယန်) = ၁၀၀၀၀၀၀၀၀၀၀၀၀။ (သုည ၁၂ လုံး)

ဆဲလ်

(ဆဲလ်) တွင် Cell wall နံရံ၊ Nucleus (နူကလီးယပ်စ်) နှင့် Cytoplasm (ဆိုက်တိုပလာဆမ်)တို့ ပါဝင်သည်။ နံရံသည် အတွင်းပိုင်းနှင့် အပြင်ကို ကန့်ထားကာ (ဆဲလ်)၏ ပုံသဏ္ဌာန်ကို ဖြစ်စေသည်။ ဓာတ်ပစ္စည်များ အထဲဝင်-အပြင်ထွက်နိုင် စေရန်လည်း လုပ်ပေးသည်။ (ဆိုက်တိုပလာဆမ်)သည် (ဂျဲလ်)ကဲ့သို့ ကျိချွဲချွဲ ဖြစ်သည်။ ၎င်းထဲ၌ သေးငယ်သည့် ပစ္စည်းများ ပါဝင်သည်။ Nucleus (နူကလီယပ်စ်) ခေါ် (ဆဲလ်)၏ အထိန်းပင်မထဲတွင် DNA ခေါ် မျိုးဗီဇ ပါဝင်သည်။ ၎င်းထဲရှိ Nucleous (နူကလီယိုးလပ်စ်) ၌ (ပရိုတိန်း) ဖြစ်ရေးတွင်ပါဝင်ရသည့် RNA ရှိသည်။ ၎င်းမှာ (ဆဲလ်) ကြီးထွားစေရန်၊ (ဆဲလ်) ပျက်သည်ကို ပြင်ရန်၊ သေသည်ကို အစားထိုးရန်တို့အတွက် (ဆဲလ်) ပွားခြင်းဖြစ်ရသည်။

Tissue (တစ်ရှူး)

Tissue (တစ်ရှူး) ဆိုသည်မှာ အလုပ်တမျိုးလုပ်ရန် မျိုးတူသည့် (ဆဲလ်) များ၏ အစုအဝေးကိုခေါ်သည်။ (ဆဲလ်) များ အကြား သက်မဲ့ပစ္စည်းဖြစ်သည့် တွယ်ကပ်သည့်ပစ္စည်းများရှိသည်။ အချို့(တစ်ရှူး)များ၌ တွယ်ကပ်ပစ္စည်း နည်းနည်းသာ ရှိ၍ အချို့တွင် အမြောက်အမြားရှိသည်။ (တစ်ရှူး) အမျိုးအစား (၄)မျိုး ရှိသည်။

  1. Epithelial Tissue (အပီသီလီရယ်) အပေါ်ယံလွှာ (တစ်ရှူး)၊
  2. Connective Tissue (ကွန်နက်တစ်) တွယ်ဆက် (တစ်ရှူး)၊
  3. Muscle Tissue (မာဆယ်) ကြွက်သား (တစ်ရှူး)၊
  4. Nervous Tissue (နားဘတ်စ်) အာရုံကြော (တစ်ရှူး)၊

Epithelial Tissue (အပီသီလီရယ်-တစ်ရှူး) အပေါ်ယံလွှာ တစ်ရှူး

တကိုယ်လုံး အနှံ့ရှိသည်။ ခန္ဓာကိုယ်မျက်နှာပြင်၊ ဝမ်းတွင်းခေါင်းများ၊ အခေါင်းရှိသည့်အင်္ဂါများ၊ (ဂလင်း)များ အားလုံးကို ဖုံးနေသည့် အလွှာဖြစ်သည်။ ၎င်းက ကာကွယ်မှုပေးခြင်း၊ အရည်များညှစ်ထုတ်ပေးခြင်း၊ စုပ်ယူပေးခြင်း၊ စွန့်ထုတ်ပေးခြင်း၊ တဖက်မှ တဖက်ဆီသို့ ပြန့်နှံ့စေခြင်း၊ အာရုံခံပေးခြင်းများ လုပ်ပေးသည်။ (အပီသီလီရယ်-တစ်ရှူး) ၏ (ဆဲလ်)များသည် တခုနှင့်တခု ထိစပ်နေကြပြီး၊ တဖက်က အပြင်သို့ မျက်နှာမူနေကာ၊ (ကာဗွန်ဟိုက်ဒရိတ်) နှင့် (ပရိုတင်း)တို့ ပါဝင်သည်။

  • Epithelial Membranes (အပီသီလီရယ် မင်ဘရိန်း) ခေါ် အပေါ်ဖုံးအလွှာ = ကိုယ်ထည်၊ ကိုယ်တွင်းခေါင်း များ၏ အတွင်းပိုင်း၊ အင်္ဂါအစိတ်အပိုင်းများကို ဖုံးလွှမ်းထားသည့် (တစ်ရှူး)ဖြစ်သည်။
  • Mucous Membranes (မြူးကပ်စ်-မင်ဘရိန်း) = (မြူကိုဆာ) = အစာခြေလမ်း တလျောက်လုံးအား အတွင်းက ဖုံးထားသည်။ ဝမ်းတွင်းရှိ အပြင်သို့ မျက်နှာမူထားသည့် အခေါင်းပါအင်္ဂါများအားလည်း အတွင်းကဖုံးထားသည်။ မွေးလမ်း၊ အသက်ရှူလမ်း၊ ဆီးလမ်းများအားလည်း အတွင်းက ဖုံးထားသည်။
  • Serous Membranes (ဆီးရပ်စ်-မင်ဘရိန်း) = (ဆီရိုဆာ) = ဝမ်းတွင်းရှိ အပြင်သို့ မျက်နှာမူ မထားသည့် အခေါင်းပါ အင်္ဂါများအား ဖုံးထားသည်။ ၎င်းမှ အရည်များ စစ်ထုတ်သည်။ ၎င်းအရည်သည် မျက်နှာပြင်များအကြား ချောမွေ့စေရန် ဖြစ်သည်။ ဥပမာ အဆုပ်ကို ဖုံးထားသော (ပလူရာ)၊ နှလုံးအား (ပယ်ရီကားဒီးယမ်း)၊ ဦးနှောက်အား (မင်နင်းဂျီးစ်)၊ ဝမ်းဗိုက်ထဲရှိ အင်္ဂါများအား (ပယ်ရီတိုနီယမ်)၊ စသည်တို့ ဖြင့်ဖုံးထားသည်။ ယင်းအားလုံး တို့သည် နှစ်လွှာစီရှိပြီး၊ အတွင်း၌ ဝါကျင့်ကျင့် အရည်ရှိ သည်။ ၎င်းကြောင့် ပွတ်တိုက်မှုကို သက်သာစေသည်။)

Connective Tissue Membranes (ကွန်နက်တစ်-တစ်ရှူး) အလွှာ

အဆစ်များ၏ အတွင်းပိုင်း ဖုံးထားသည့် (ဆိုင်နိုဗီရယ်-မင်ဘရိန်း)၊ ဦးနှောက်နှင့် ခါးရိုးထဲရှိ အာရုံကြောများအား ဖုံးထားသည့် (မင်နင်ဂျီးစ်)တို့ဖြစ်သည်။ (ဆဲလ်)များကို ဆက်စပ်တွယ်ကပ်နေစေသည့် (တစ်ရှူး) ဖြစ်သည်။ ပုံသဏ္ဌာန်ကို ဖြစ်စေသည်။ အဆီကို သိုလှောင်ထား သည်။ ရောဂါအချို့ကို အကာကွယ်ပေးသည်။ ပျက်စီးသည် များကို ပြင်ရန်ကူညီသည်။ အမျိုးအစား များစွာရှိသည်။

Specialized connective tissues ထူးခြားသည့် (ကွန်နက်တစ်-တစ်ရှူး) များ

1-Blood သွေး

သွေးတွင် အခဲပိုင်း နှင့် အရည်ပိုင်းရှိသည်။ Red blood cells (RBC) သွေးနီဥ၊ ရေ၊ (အလက်ထရိုလိုက်)ခေါ် (ဆိုဒီယမ်နှင့် ကလိုရင်း) ဓာတ်ဆား၊ Protein ပရိုတင်း တို့လည်း ပါဝင်သည်။ အာဟာရ၊ ဂလူးကို့စ်၊ (လစ်ပစ်) ခေါ် အဆီ၊ Amino acid အမိုင်နိုအက်စစ်၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ Hormones ဟော်မုန်းတို့ကို သယ်ပို့ ပေးသည်။

သွေး၏ အခဲပိုင်း ၄၅% တွင် (RBC) သွေးနီဥ၊ (WBC) White blood cells (Leukocytes) (လူကိုဆိုက်) သွေးဖြူဥများနှင့် Platelets (Thrombocytes) (ပလိပ်လက်) ခေါ် သွေးမှုံတို့ ပါဝင်သည်။ (ပလိပ်လက်) အရေအတွက်သည် အချို့ရောဂါ များတွင် အရေးကြီးသည်။ သွေးဖြူဥများထဲတွင် Neutrophils (နူထိုဖီးလ်) Basophils (ဗေဆိုဖီးလ်) Eosinophils (အီယိုဆင်နိုဖီးလ်)တို့ ပါဝင်သည်။

သွေး၏အရည်ပိုင်းမှာ Plasma (ပလာစမာ) ဖြစ်သည်။ သွေး၏ ၅၅% ရှိသည်။ အရေးပါသော (ပရိုတိန်း) များပါနေသည်။ ၎င်းထဲတွင် အသဲမှထုတ်ပေးသည့် Fibrinogen (ဖိုင်ဘရင်နိုဂျင်) ခေါ် သွေးအားခဲစေသည့် ပစ္စည်းပါသည်။ (ပလာစမာ) မှ သွေးခဲစေသည့်ပစ္စည်းများ ထုတ်လိုက်ပါက Serum (စီရမ်) ကျန်ရစ်သည်။ အချို့ရောဂါကာကွယ်ဆေးများမှာ (စီရမ်) မှ ထုတ်ယူရသည်။ RBC သွေးနီဥသည် ပျမ်းမျှ ရက် ၁၂၀ အသက်ရှင်သည်။ လူ့ကိုယ်ထဲမှာ သွေးနီဥပေါင်း ၂.၅ ထွီလီယန် ရှိသည်။ စက္ကန့်တိုင်းမှာ သွေးနီဥ အသစ်ပေါင်း ၂့၅ သန်း ထုတ်ပေးနေသည်။ သွေးသည် မိုင် ၆၀၀၀၀ ခရီးသွားနေခြင်းဖြစ် သည်။ သွေးနီဥတခုသည် ကိုယ်ခန္ဓာထဲ လှည့်လည်ရန် ကြာချိန်သည် ၂၀ စက္ကန့်ပင်မကြာချေ။

  • နူထိုဖီးလ်၊ ၆၅%၊ (ဗက်တီးရီးယား)များအား တိုက်ဖျက်ပေးသည်။ Pus ပြည်ထဲ၌ပါဝင်။
  • အီယိုဆင်နိုဖီးလ်၊ ၄%၊ Parasite (ပါရာဆိုက်)ခေါ် ကပ်ပါးကောင်များအား တိုက်ဖျက်ပေး။
  • ဘေဆိုဖီးလ်၊ <၁%၊ Allergy (အလာဂျီ)ဖြစ်လျှင် Histamine (ဟစ်စတမင်း)ထုတ်ပေးသည်။
  • လင်ဖိုဆိုက်၊ ၂၅%၊ B cells (အင်တီဘော်ဒီ) Antobody ထုတ်ပေးသည်။ T cells ခုခံအားကိစ္စတွင် ပါဝင်။ AIDS ဖြစ်လျှင် ၎င်းနည်းသွား။
  • မိုနိုဆိုက်၊ ၆%၊ လေစုပ်စက်ကဲ့သို့ ရှင်းပေးသည်။
  • မက်ကရိုဖေ့ချ်၊ ခုခံအားအတွက် ကူညီသည်။
2-Cartilage အရိုးနု

Rib နံရိုး။ Ear နားရွက်၊ Nose နှာခေါင်း၊ Throat လည်ချောင်း၊ Intervertebral disks ခါးရိုးဆစ် ကြားအရွတ်တို့သည် အရိုးနုများဖြစ်ကြသည်။

ကြွက်သားတစ်ရှူး

ရှုံ့နိုင်၊ ဆန့်နိုင်စွမ်းရှိသည့် (ဆဲလ်)များဖြင့် တည်ဆောက်ထားသည်။ (ဆဲလ်) များစွာနှင့် သွေးများစွာရှိသည်။ (ဆဲလ်) များသည် ရှည်လျားပြီး၊ အထပ်ထပ် သို့မဟုတ် အဆုပ်လိုက်တည်ဆောက်ထားသည်။ ကြွက်သားတစ်ရှူး သုံးမျိုးရှိသည်။

  1. (စကယ်လ်တယ်-မာဆယ်) ခေါ် အရိုးကြွက်သား = ဆလင်ဒါ ပုံရှိသည်။ (နူကလီယပ်စ်) တခုမက ရှိသည်။ ကန့်လန့်စင်း ရှိသည်။ စိတ်ကနေ ထိန်းပေးနိုင်သည်။
  2. (စမုသ်-မာဆယ်) ခေါ်အနုစားကြွက်သား = ရက်ကန်းလွန်းပုံရှိသည်။ (နူကလီယပ်စ်) တခုတည်း ရှိသည်။ ကန့်လန့်စင်း မရှိ။ စိတ်က မထိန်းနိုင်။ အစာအိမ်၊ အူ၊ သားအိမ်၊ သွေးကြောတို့ရှိ ကြွက်သားများ ဖြစ်ကြသည်။
  3. (ကားဒီယက်-မာဆယ်) ခေါ် နှလုံးကြွက်သား = ဖြာထွက်နေသည့် Fibre (ဖိုင်ဗာ) များရှိသည်။ (နူကလီယပ်စ်) တခုတည်းရှိသည်။ ကန့်လန့်စင်း ရှိသည်။ စိတ်ကနေ မထိန်းနိုင်။

(အာရုံကြော) တစ်ရှူး

ဦးနှောက်၊ ခါးရိုးထဲက (နာ့ဖ်) အာရုံကြောများတွင် ရှိသည်။ ကြွက်သားများအား ကြုံ့စေရန်၎င်း၊ ပတ်ဝန်းကျင်အား သိနေစေရန်၎င်း လုပ်ပေး၍၊ ခန္ဓာကိုယ်၏ လုပ်ငန်းများအကြား ထိန်းညှိပေးသည်။ စိတ်လှုပ်ရှားမှု၊ ဆင်ခြင်တုံတရား၊ မှတ်ဉာဏ်တို့တွင် အဓိကကြသည်။ ထိုအလုပ်များ လုပ်နိုင်ရန် လျှပ်စစ်ဓာတ် တမျိုးဖြင့် ဆက်သွယ်သည်။

ခန္ဓာကိုယ်တွင်းရှိ အခေါင်း (လှိုင်ခေါင်း) များ

  • Thoracic cavity (သိုရက်ဆစ်-ကယ်ဗတီ) ခေါ် ရင်ခေါင်းပိုင်းအခေါင်းထဲတွင် Heart နှလုံး၊ Lungs အဆုပ်များ၊ Trachea လေပြွန်ကြီး၊ Esophagus (အီဆိုဖေးဂတ်စ်) အစာမြိုပြွန်၊ Blood vessales (ဘလတ်-ဗက်ဆယ်စ်) သွေးကြောများ၊ Nerves အာရုံကြောများရှိကြသည်။ ၎င်းတို့အား ဘေးတွင် Ribs နံရိုးများနှင့် အဆုပ်အား ဖုံးထားသည့် Pleura (ပလူရာ)တို့က ရံထားပြီး၊ အောက်တွင် Diaphragm (ဒိုင်ယာဖရမ်)ခေါ် ရင်ခေါင်းနှင့် ဝမ်းဗိုက်ကို ပိုင်းခြားထားသော ကြွက်သားကြီးတို့ ရှိကြသည်။
  • Abdominal and pelvic cavity ဝမ်းဗိုက်ပိုင်းနှင့် တင်ပဆုံရိုးတွင်းအခေါင်းများ၊
  • Abdominal cavity ဝမ်းဗိုက်အခေါင်းထဲတွင် အစာခြေလမ်းကြောင်း၏ အများဆုံးအပိုင်းအပြင် Kidneys ကျောက်ကပ်၊ Adrenal glands (အဒြီနယ်လ်-ဂလင်း) တို့ ရှိကြသည်။ ဝမ်းဗိုက်ပိုင်းနှင့် အထက်က ရင်ခေါင်းပိုင်းအား Diaphragm (ဒိုင်ယာဖရမ်) ဖြင့် ပိုင်းခြားထားသည်။
  • Pelvic cavity တင်ပဆုံရိုးအခေါင်းထဲတွင် ဆီးလမ်းနှင့် မျိုးပွားအင်္ဂါများနှင့် အစာဟောင်းအိမ်ရှိသည်။
  • ဦးနှောက်ရှိသော ဦးခေါင်းရိုးခွံနှင့် ခါးရိုးထဲတွင် အာရုံကြောမကြီးတို့ပါသော အခေါင်းများဖြစ်သည်။

1. Skeletal System (စကယ်လတယ်-ဆစ်စတမ်) အရိုးစနစ်

လူကြီးတယောက်တွင် ၂၀၆ ရိုးရှိသည်။ ကလေးအရွယ်၌ အရိုး ၃၅၀ ရှိခဲ့သည်။ အမျိုးသမီးများတွင်လည်း အရိုး ၂၀၆ ရိုး ရှိသော်လည်း အရွယ်အစားငယ်ကြသည်။

လူသည် ကျောရိုးရှိသတ္တဝါဖြစ်၍ Bone (ဘုန်း) အရိုး၊ Cartilage (ကားတလေ့ရှ်) အရိုးနု၊ Ligament (လစ်ဂမင့်) အရွတ်၊ Tendon (တန်ဒွန်) အချောင်းလိုက်ရှိသော အရွတ်တို့ ပါရှိသည်။ လူ့အလေးချိန်၏ ၂၀% သည် အရိုးစနစ်ကဖြစ်သည်။ ပြော့သည့် အင်္ဂါအစိတ်အပိုင်းများဖြစ်သော ဦးနှောက်၊ နှလုံး၊ အဆုပ်တို့အား ကာကွယ်မှုပေးထားသည်။ ကြွက်သားစနစ် နှင့် တွဲဖက်၍ လှုပ်ရှားမှုကို ဖြစ်စေသည်။ ကယ်လ်စီယန်ဓာတ်သည် အရိုးထဲတွင် အခြားအင်္ဂါများထက်ပို၍ ပါဝင်နေသည်။ အရိုး(ဆဲလ်)အသစ်များသည် Bone marrow (ဘုန်း-မဲရိုး)ရိုးတွင်းခြင်ဆီကဖြစ်လာသည်။ ရိုးတွင်းခြင်ဆီမှ သွေးနီဥ RBC (Red blood cell)၊ သွေးဖြူဥ WBC (White blood cell)၊ သွေးမှုံ (Platelets) များကိုလည်း ဖြစ်လာစေသည်။

ဒေါင်လိုက်ရိုးများ (၈၀)နှင့် ဆက်တွဲအရိုး (၁၂၆)ရိုး တို့ဟူ၍ (၂)ပိုင်း ခွဲထားသည်။ ဒေါင်လိုက်ရိုး (၈၀) ဦးခေါင်းခွံရိုး (၂၈)။

Cranial Bones ဦးနှောက်အားဖုံးထားသည့်အရိုးများ

Parietal (2) ပရိုင်ရတယ်၊ ခေါင်းဘေးရိုး (၂) Temporal (2) တန်ပိုရယ်၊ နားထင်ရိုး (၂) Frontal (1) ဖရန်တယ်၊ နဖူးရိုး (၁) Occipital (1) အောက်စီပီတယ်၊ နောက်စေ့ရိုး (၁) Ethmoid (1) အက်သမွိုက်၊ မျက်လုံးအတွင်းရိုး (၁) Sphenoid (1) စဖီနွိုက်၊ နားထင်နှင့် မျက်လုံးကြားရိုး (၁)

Auditory Ossicles နားနှင့်ပတ်သက်သည့်အရိုးများ

Malleus (2) မဲလီယပ်စ် (၂) Incus (2) အင်းနပ်စ် (၂) Stapes (2) စတေးပိစ် (၂) Hyoid (1) ဟိုင်းဝိုက် (၁) Vetebral Column ခါးရိုးမကြီး Cervical vertebrae (7) ဆဗိုက်ကယ်၊ လည်ပင်းရိုး (၇) Thoracic vertebrae (12) သိုရက်ဆစ်၊ ရင်ခေါင်းရိုး (၁၂) Lumbar vertebrae (5) လမ်ဘား၊ ခါးရိုး (၅) Sacrum (1) ဆေခရမ်၊ တင်ပါးရိုး (၁) Coccyx (1) ကောက်ဆစ်၊ အမြီးပိုင်းရိုး (၁)

(ဗာတီဘရယ်-ကော်လံ) အကောက်လေးခု

၁။ (ဆာဗိုက်ကယ်-ကာ့ဖ်) (လည်ပင်းပိုင်းအကောက်) ၂။ (သိုရက်ဆစ် ကာ့ဖ်) (ရင်ခေါင်းပိုင်းအကောက်) ၃။ (လမ်းဘား-ကာ့ဖ်) (ခါးပိုင်းအကောက်) ၄။ (ဆေခရယ်-ကာ့ဖ်) (တင်ပိုင်းအကောက်)

Thoracic Cage ရင်ခေါင်းအုံ

Sternum (1) စတာနမ်၊ ရင်ညွန့်ရိုး (၁) (နှစ်ပိုင်းရှိသည်။) Ribs = နံရိုးများ ၁၂ စုံရှိသည်။ နံရိုးအောက်ဆုံး ၂ စုံမှလွဲပြီး အားလုံးသည် ရင်ညွန့်ရိုးအား လာဆက်နေကြသည်။ Pectoral girdles (ပက်တိုရယ်-ဂါဒယ်) လက်အုံပိုင်း Clavicle (2) ကလက်ဗီကယ်၊ ညှပ်ရိုး(၂) Scapula (2) စကက်ပြူလာ၊ (တောင်ပံ)၊ လက်ပြင်ရိုး (၂)

လက်အရိုးများ

Humerus (2) Humerus, (2) arms, (2) ↵Radius (2) radius, radiators, (2) ↵Ulna(2) Alna, and (2) ↵Carpal S (16) Capel, wrist (16)↵Metacarpals (10) Matacapals, ↵Phalanges (28) Falanges (28)

Lower Extremity ခြေထောက်ပိုင်းအရိုးများ

Femur (2) ပေါင်ရိုး (၂) Tibia (2) ခြေသလုံးအတွင်းရိုး (၂) Fibula (2) ခြေသလုံးအပြင်ရိုး (၂) Patella (2) ဂုံညင်းရိုး (၂) Tarsals (14) ခြေခြင်းဝတ်ရိုး (၁၄) Metatarsals (10) ခြေဖဝါးရိုး (၁၀) Phalanges (28) ခြေချောင်းကလေးများ (၂၈)

Pelvic Girdle (ပဲလဗစ်ဂါဒယ်) တင်ပဆုံရိုးကွင်း Ilium (အီလီယန်) တင်ပဆုံနောက်နှင့် အပေါ်ပိုင်းရိုး၊ Iliac crest (အီလီယက်-ခရက်စ်) ခါးဘေးဘက် နှင့် ပေါင်ထိပ်ရိုးနေရာ၊ Ischium (အစ်စချီယန်) ဆီးစပ်ဘေးရိုး၊ Asetabulum (အဆက်တဗျူလမ်) ပေါင်ရိုးကဆက်သည့်နေရာရှိ အရိုး၊ Pubis (ပြူးဗစ်) ဆီးစပ်ရိုး၊

2. Muscular System ကြွက်သားစနစ်

ကြွက်သားအုပ်စုပေါင်း (၆၀၀)ကျော်ရှိသည်။ ခန္ဓာကိုယ်အလေးချိန်၏ ၄၀% ရှိသည်။ အမျိုးအစားများ၊ (၃)မျိုး ရှိသည်။ (၁) Skeletal Muscle (စကယ်လ်တယ်-မာဆယ်) ခေါ် စထွိုင်ရိတ်တက် ကြွက်သား။ အရိုးအားတွယ်ထားသည်။ အရိုးလှုပ်ရှားစေရန်လုပ်သည်။ ဦးနှောက်၊ အာရုံကြောများမှ ထိန်းပေးသည်။ ကန့်လန့်စင်းများ ရှိသည်။ (၂) Smooth Muscle (စမုသ်-မာဆယ်) အချောစားကြွက်သား။ အတွင်းပိုင်း အင်္ဂါများ၏ နံရံများကို ဖုံးထားသည်။ ဥပမာ သွေးကြောများ၊ အစာခြေလမ်းကြောင်း၊ ဆီးအိမ်၊ သားအိမ်၊ (အော်တို-နောမစ်) အာရုံကြောစနစ်က ထိန်းသည်။ ကန့်လန့်စင်းများမရှိ။ (၃) Cardiac Muscle (ကာဒီရက်) ခေါ် နှလုံးကြွက်သား (အော်တို-နောမစ်) အာရုံကြော စနစ်ကထိန်းသည်။ ကန့်လန့်စင်းများ ရှိသည်။

ဦးခေါင်းနှင့် လည်ပင်းပိုင်း ကြွက်သားများ = မျက်နှာအမူအရာ (အံ့ဩခြင်း၊ တုန်လှုပ်ခြင်း၊ ကြောက်ခြင်း၊ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း) တို့ကိုဖော်ပြရန် ကြွက်သားများ၊ အစာကို ဝါးရန်၊ မြိုရန်ကြွက်သားများ၊ လည်ပင်းအားငုံ့ရန်၊ မော့ရန်၊ ဘယ်-ညာလှည့်ရန်၊ ပတ်ခြာလှည့်ရန်ကြွက်သားများ ဖြစ်ကြသည်။

ခန္ဓာကိုယ်ပိုင်းကြွက်သားများ = (ဗာတီဘရယ်-ကော်လံ) ခေါ် ကြောရိုးမကြီးအားလှုပ်ရှားရန် ကြွက်သားများ၊ ရင်ခေါင်းပိုင်း ကြွက်သားများ၊ ဝမ်းဗိုက်နံရံရှိ ကြွက်သားများ၊ တင်ပဆုံ(ပဲလဗစ်) အပေါ်ပိုင်း ကြွက်သားများ၊ ရင်ခေါင်းပိုင်း ကြွက်သားများ ဖြစ်ကြသည်။ နံရိုးကြား ကြွက်သားများနှင့် ရင်ခေါင်းပိုင်းနှင့် ဝမ်းဗိုက်ကို ခြားထားသော (ဒိုင်ယာဖရမ်) ကြွက်သားတို့မှာ အသက်ရှူရာတွင် သုံးသည်။ (ဒိုင်ယာဖရမ်) တွင် အပေါက်(၃)ပေါက်ရှိသည်။ (အေအိုတာ) ခေါ် သွေးလွှတ်ကြောမကြီး၊ (ဗီနာကေဗာ) ခေါ် သွေးပြန်ကြောကြီး နှင့် (အီဆိုဖေးဂတ်စ်) ခေါ် အစာမြိုပြွန်တို့ ဖေါက်ဝင်ကြသည်။ ဝမ်းဗိုက်အား ကြွက်သား (၄)လွှာနှင့် (ဖာရှာ)ခေါ် အရွက်ပြားတို့ဖြင့် ဖုံးထားသည်။

ကိုယ်ပိုင်းရှိကြွက်သားများ

(ပက်တိုရယ်လစ်-မေဂျာ) (အိတ်စ်တာနယ်-အောဘလစ်ခ်) (အာတာနယ်-အောဘလစ်ခ်) (ရက်တပ်စ်-အဘဒေါမီနစ်)

လက်ပိုင်းကြွက်သားများသည် (စက်ပြူလာ)ခေါ် နောက်ဖက်ရှိ လက်ပြင်နှင့် ရင်ခေါင်းပိုင်းတို့နှင့် တွယ်ထားသည်။ Muscles of the Lower Extremity ခြေပိုင်းကြွက်သားများ၊ ခြေပိုင်းကြွက်သားများသည် တင်ပဆုံရိုးကွင်းမှစ၍ ခြေထောက်ပိုင်းအရိုးများနှင့် တွယ်ထားသည်။

Sphincter (စဖင်တာ)

အဝိုင်းပုံကြွက်သားဖြစ်ပြီး လမ်းကြောင်း၊ အဝတို့အား ညှစ်ပေး-လျော့ပေးနိုင်သည့် အထိန်း ကြွက်သားဝိုင်း ဖြစ်သည်။ စုစုပေါင်း ၄၂ ခုရှိသည်။ Pupillary sphincter သည် မျက်စိ၏ သူငယ်အိမ်၌ရှိသည်။ Orbicularis oris muscle သည် Mouth ပါးစပ်၌ရှိသည်။ Cardia/lower esophageal sphincter သည် stomach အစာအိမ်၏ အထက်ပိုင်းရှိ Acid အက်စစ်များ Esophagus အစာမြိုပြွန်ဆီသို့ တက်မလာစေရန် လုပ်ပေးသည်။ Pyloric sphincter အစာအိမ်၏ အောက်ပိုင်း၌ရှိသည်။ Sphincter of Oddi သည် Liver to Pancreas သရက်ရွက် Gall bladder သည်းခြေအိပ်တို့မှ အရည်များအား duodenum အူ၏အစပိုင်းဆီသို့တက်မလာစေရန်လုပ်ပေးသည်။ Urethral sphincter သည် urine ဆီးအား ထိန်းပေးသည်။ Anus စအိုတွင် Internal anal sphincter အတွင်း(စဖင်တာ) အပြင်(စဖင်တာ) (၂)ခုရှိပြီး Feces ဝမ်းအား ထိန်းပေးသည်။

မှတ်ချက်။ • လျာသည် အသန်မာဆုံးကြွက်သားဟုဆိုနိုင်သည်။ • နှလုံးကြွက်သားသည် လျှပ်စစ်ဓာတ် (၅)ဝပ်။ • ပေါင်ရှိ အကြီးဆုံး ကြွက်သားသည် လျှပ်စစ်ဓာတ် (၁၀၀)ဝပ်နှင့်ညီသည်။ • ပေါင်ကြွက်သားကြီးသည် ခဏသာ လုပ်နိုင်သော်လည်း နှလုံးကြွက်သားသည် အဆက်မပြတ် လုပ်သည်။ • မျက်လုံးရှိကြွက်သားများသည် ငယ်စေကာမူ သန်မာ၍ ထူးခြားသည်။

3. Nervous System အာရုံကြောစနစ်

အာရုံကြောစနစ်သည် ဦးစီးမှု၊ အထိန်းအကွပ်၊ ဆက်သွယ်မှုတို့၏ ပင်မဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ(စဉ်းစားမှုများ၊ သင်ကြား လေ့လာမှုများ၊ မှတ်သားမှုများ)၏ ဗဟိုချက်မလည်းဖြစ်သည်။ (အင်ဒိုခရိုင်း) ခေါ် ဟော်မုန်း ထွက်သည့်စနစ်နှင့်တွဲ၍ (ဟိုမီယိုစတေးစစ်) ခေါ် ကိုယ်တွင်းဝန်းကျင်အား သမမျှတနေအောင် စီစဉ် လုပ်ဆောင်မှုကို ပြုလုပ်ပေးသည်။

Organization of the nervous system အာရုံကြောစနစ် ဖွဲ့စည်းထားပုံ

• Central (ဆင်ထရယ်လ်) ဗဟိုဦးနှောက်နှင့် ခါးရိုးမကြီးထဲရှိ အာရုံကြောမကြီး၊ • Peripheral ပယ်ရီဖရယ် အဝေးပိုင်း o Somatic ဆိုမက်တစ် (စကယ်လ်တယ်) ကြွက်သားများကို လုပ်ပေးသည်။ o Autonomic အော်တိုနောမစ်  Sympathetic ဆင်ပသက်တစ်၊  Parasympathetic ပါရာဆင်ပသက်တစ်၊  Enteric အင်းတရစ် အစာလမ်းကြောင်းကိုလုပ်ပေးသည်။

Central nervous system (CNS) ဗဟိုအာရုံကြောစနစ်

Brain ဦးနှောက်၊ Spinal cord (စပိုင်နယ်လ်-ကော့တ်) ခေါ် ခါးရိုးထဲရှိအာရုံကြောကြီး နှင့် ခါးရိုးမကြီးထဲရှိ အာရုံကြောတို့ ပါဝင်သည်။ အာရုံခံသည့်ပို့လွှတ်မှုများကို လက်ခံ၍၊ ကြွက်သားလှုပ်ရှားစေရန် ပို့လွှတ်ပေးမှုများ ပြုလုပ်သည်။

Peripheral nervous system (PNS) အဝေး-အပြင်ပိုင်း အာရုံကြောစနစ်

ခါးရိုးထဲရှိအာရုံကြောကြီးမှ ဖြာထွက်သော အာရုံကြောများ၊ မျက်စိအာရုံကြော နှင့် (အော်တိုနောမစ်) အာရုံကြောစနစ်တို့ ပါဝင်သည်။ ၎င်းထဲတွင် Nerves နာ့ဖ်၊ Neurone နူရုမ်း တို့ပါသည်။

Autonomic nervous system (အော်တိုနောမစ်) စနစ်အား Sympathetic (ဆင်ပသက်တစ်) နှင့် Parasympathetic nervous system (ပါရာဆင်ပသက်တစ်) ဟူ၍ နှစ်မျိုးခွဲထားသည်။

Sympathetic nervous system = သူငယ်အိမ်၊ အူ၊ ဆီးလမ်းများကို အလုပ်လုပ်ပေးသော စိတ်အလိုအတိုင်း မလိုက်နိုင် သည့် အာရုံကြောစနစ်ဖြစ်သည်။ စစ်ထုတ်ရည်များ နည်းစေသည်။ ကြွက်သားများ၏ တင်းအားကို နည်းသွားစေသည်။ နှလုံးခုန်နှုန်း မြန်စေသည်။

Parasympathetic nervous system = နှလုံးကြွက်သား၊ ကြွက်သားအနုစား၊ (ဂလင်း-တစ်ရှူး) များ၊ သွေးကြောများကို အလုပ်လုပ်ပေးသော စိတ်အလိုအတိုင်း မလိုက်နိုင်သော အာရုံကြောစနစ်ဖြစ်သည်။ နှလုံးခုန်နှုန်း နှေးစေသည်။

ဦးနှောက်၏အလေးချိန် = (၃)ပေါင်။ ဦးနှောက်ထဲရှိသည့် သွေးကြောများအား ဆန့်တန်းလျင် (၁၀၀,၀၀၀) မိုင်ရှိသည်။ (နူရုန်း)တခုတွင်ရှိသည့် (ဆင်နက်ပ်စစ်)ပေါင်း = ၁၀၀၀ မှ ၁၀၀၀၀။ (ဆင်နက်ပ်စစ်) = ဦးနှောက်နှင့် အာရုံကြောများ အလုပ်လုပ်ရာတွင် ဤနေရာ၌ ကူးလူးဆက်ဆံရသည်။ (နူရုန်း)စုစုပေါင်း = ၁၀၀ ဘီလီယန်။ (နူရုန်း) = ဦးနှောက်နှင့် အာရုံကြောများ၏ အသေးဆုံးယူနစ်(ဆဲလ်)။ အာရုံကြော၏တုံ့ပြန်မှုမှာ ၁ နာရီ ၄၀၀ ကီလိုမီတာနှုန်းမြန်သည်။

အင်ဒိုခရိုင်း စနစ်(Endocrine system)

ရူပဗေဒပညာအရ Endocrine system သည် ဂလင်းခေါ် အချွဲအိပ်များ၏ လုပ်ငန်းတာဝန်စနစ်တစ်ခုဖြစ်သည်။ ခန္ဓာကိုယ်တွင် gland (ဂလင်း) ခေါ် အိပ် နှစ်မျိုးရှိသည်။

Exocrine Glands (အိတ်ဆိုခရိုင်း-ဂလင်း) များ။။ ချွေးထွက်သော Sebaceous ဂလင်းများ၊ မင်မရီ-ဂလင်း(Mammary glands) နို့ထွက်သော ဂလင်းများ၊ အစာခြေရည်ထွက်သော ဂလင်းများ(Digestive enzymes)၊
အင်ဒိုခရိုင်း-ဂလင်း(Endocrine Glands) များ။။ ဟော်မုန်းများ ထုတ်ပေးသည်။ အာရုံကြောစနစ်နှင့် တွဲလျက် ခန္ဓာကိုယ်၏ အလုပ်များကို မျှတနေအောင်လုပ်ပေးသည်။
  • ပစ်ကျူထရီ (Pituitary Glands)။။ Anterior pituitary မှ ACTH, TSH, PRL, GH, Endorphins, FSH နှင့် LH ဟော်မုန်းများ၊ Posterior pituitary မှ Oxytocin နှင့် ADH ဟော်မုန်းများ ထုတ်ပေးသည်။
  • ပိုင်နီရယ်(Pineal Gland)ဂလင်းများ။။ မျိုးပွားခြင်းနှင့် ဇီဝအလုပ်များနှင့်ဆိုင်သည့် ဟော်မုန်းများ ထုတ်ပေး သည်။
  • သိုင်းရွိုက်(Thyroid Glands) ဂလင်းများ။။ လည်ပင်း၏ ရှေ့တွင်ရှိ၍ သွေးရွှင်သည့် အင်္ဂါတခုဖြစ်သည်။ ဘယ်-ညာ နှစ်ခုရှိသည်။ Thyroxine သိုင်ရောက်ဆင်း၊ Triiodothyronine ထွိုင်အိုင်အိုဒို-သိုင်ရိုနင် ခေါ် (အိုင်အိုဒင်း) ပါသည့် ဟော်မုန်းများ ထုတ်ပေးသည်။ (အိုင်အိုဒင်း) နည်းသည့်အခါ Goitre ခေါ် လည်ပင်းကြီးရောဂါ ရစေသည်။
  • ပါရာ-သိုင်းရွိုက်ဂလင်း(Parathyroid Gland)။။ သိုင်းရွိုက်ဂလင်းပေါ်၌ ပေါင်း(၄)ခုရှိသည်။ သွေးထဲမှ (ကယ်လ်စီယန်) အား ထိန်းပေးသည်။
  • အဒီနယ် (Adrenal Glands)ဂလင်းများ။။ ကျောက်ကပ်နှစ်ခု၏အပေါ်၌ရှိသည်။ Steroid စတီရွိုက်များ ထုတ်ပေးသည်။
  • ပန်ကရိယပ်စ်(Pancreas )ဂလင်းများ။။ သရက်ရွက်ဟုလည်းခေါ်သည်။ အစာအိမ်၏နောက်ဘက်တွင်ရှိပြီး Duodenum အူသိမ်၏ အစပိုင်း(စီ)ပုံအကွေးထဲမှစကာ Spleen ဘေလုံးအထိ ရှည်လျားသည်။ Insulin ခေါ် ဆီးချိုကို ထိန်းသည့် ဟော်မုန်း ထုတ်ပေးသည်။
  • တက်စ်တေ့စ် (Testes ) (ကျားအစေ့)။။Male sex hormones ကျားဟော်မုန်း Androgen (Testosterone) များ ထုတ်ပေးသည်။
  • အိုဗရီ(Ovaries) (မမျိုးဥအိမ်)။။ Estrogens (အီစထိုဂျင်) နှင့် Progesterone (ပရိုဂျက်စတီရုန်း) ခေါ် မ-ဟော်မုန်းများ ထုတ်ပေးသည်။
  • အခြားဂလင်းများ (Other Endocrine Glands။။ Thymus သိုင်းမတ်စ်။ Stomach အစာအိမ်၊ Small intestines အူသိမ်။ Placenta အချင်း၊ Heart နှလုံး။

5. Cardiovascular System နှလုံး-သွေးကြောစနစ်

နှလုံး-သွေးကြောစနစ်တွင် Heart နှလုံးနှင့် Blood vessels သွေးကြောများ (မိုင်ပေါင်း ထောင်ချီသည်) ပါဝင်သည်။ Blood vessels သွေးကြော အမျိုးအစားများမှာ -

၁) Arteries သွေးလွှတ်ကြောများ၊ နှလုံးမှ သန့်သည့်သွေးများအား တကိုယ်လုံးသို့ ပို့လွှတ်ပေးသည်။ Aorta (အေအိုတာ) သည် အကြီးဆုံးဖြစ်ပြီး နှလုံးမှထွက်သည်။ (အေအိုတာ) မှ ထွက်သော သွေးလွှတ်ကြောများမှာ Carotid artery သည် ဦးခေါင်းပိုင်းသို့ သွားသည်။ Subclavian artery သည် လက်များသို့ သွားသည်။ Celiac trunk သည် Stomach အစာအိမ်၊ Liver အသဲ။ Spleen (ဘေလုံး)၊ Duodenum (ဒူယိုဒီနမ်) အူသိမ်အစပိုင်း၊ Pancreas (သရက်ရွက်) သို့ သွားသည်။ Mesenteric arteries သည် အစာလမ်းကြာင်း အလယ်ပိုင်းနှင့် အောက်ပိုင်းသွားသည်။ Renal artery သည် ကျောက်ကပ်သို့သွားသည်။ Iliac artery သည် အစာဟောင်းလမ်းသို့ သွားသည်။

၂) Arterioles သွေးလွှတ်ကြောမျှဉ်များ၊

၃) Veins သွေးပြန်ကြောများ၊ တကိုယ်လုံးမှ သွေးဟောင်းများသည် နှလုံးသို့ပြန်လာကြသည်။ ခန္ဓာကိုယ်၏ အပြင်ပိုင်းမှာ မြင်နိုင်သည်။ IV ဆေးထိုးရာတွင် ၎င်းအကြောထဲထိုးရသည်။ သွေးယိုလျင် ပန်းထွက်ခြင်းမရှိ။

၄) Venules သွေးပြန်ကြောမျှဉ်များ၊

၅) Capillaries သွေးကြောမျှဉ်များ၊ Venules သွေးပြန်ကြောမျှဉ်များနှင့် Arterioles သွေးလွှတ်ကြောမျှဉ်များ အား ဆက်ထားသည်။

နှလုံး၏အတွင်းပိုင်း ပါလ်မိုနရီ-ဘာ့လ်ဖ် ပါလ်မိုနရီ-ဗိန်း (အဆုပ်သွေးပြန်ကြော) ညာဘက် အေထွီယံမ် ထွိုင်ကပ်စပစ်-ဘာ့လ်ဖ် ညာဘက် ဗင်ထွီကယ်လ် (အေရိုတစ်-အာ့ချ်) (ပါလ်မိုနရီ-အာထွီ) အဆုပ်သွေးလွှတ်ကြော ဘယ်ဘက် အေထွီယံမ် မိုင်ထရွယ်-ဘာ့လ်ဖ် အေယိုးတစ်-ဘာ့လ်ဖ် ဘယ်ဘက် ဗင်ထွီကယ်လ် ပါလ်မိုနရီ-ဘာ့လ်ဖ် ပါလ်မိုနရီ-ဗိန်း (အဆုပ်သွေးပြန်ကြော) ညာဘက် အေထွီယံမ် ထွိုင်ကပ်စပစ်-ဘာ့လ်ဖ် ညာဘက် ဗင်ထွီကယ်လ် (အေရိုတစ်-အာ့ချ်) (ပါလ်မိုနရီ-အာထွီ) အဆုပ်သွေးလွှတ်ကြော ဘယ်ဘက် အေထွီယံမ် မိုင်ထရွယ်-ဘာ့လ်ဖ် အေယိုးတစ်-ဘာ့လ်ဖ် ဘယ်ဘက် ဗင်ထွီကယ်လ်

Heart နှလုံး၊ ကြွက်သားဖြင့်လုပ်ထားသည့် (ပန့်မ်)စုတ်ထုတ်စက်ဖြစ်သည်။ (တစ်ရှူး)များဆီသို့ရောက်အောင် ဖိအားသုံး၍ လွှတ်ထုတ်ပေးသည်။ အသက်ရှင်နေရန် အဓိကကြသည်။ ပုံမှန်လူတယောက်၌ သွေး (၅)လီတာ ရှိသည်။ နှလုံးသည် လက်သီးဆုပ်အရွယ်ရှိသည်။ နှလုံးသည် တနေ့လျင် အကြိမ် ၁၀၀၀၀ ခုန်နေသည်။ ၂/၃ သည် ဘယ်ဘက်ခြမ်း၌ရှိသည်။ Pericardial sac (ပယ်ဒီကာဒီရယ်-ဆက်) ဖြင့် အုပ်ထားသည်။ ကြွက်သား (၃) ထပ်ရှိသည်။ အခမ်း (၄)ခန်းရှိသည်။ 1. Right atrium ညာဘက် အထက်ခန်း အေထွီယမ်၊ 2. Right ventricle ညာဘက် အောက်ခန်း ဗင်ထွီကယ်လ်၊ 3. Left atrium ဘယ်ဘက် အထက်ခန်း အေထွီယမ်၊ 4. Left ventricle ဘယ်ဘက် အောက်ခန်း ဗင်ထွီကယ်လ်၊

(အေထွီယံမ်)တို့၏ နံရံသည် ပါးသည်။ သွေးပြန်ကြောများကလာသည့် သွေးတို့အား လက်ခံယူသည်။ ထို့နောက် ထူသည့် နံရံရှိသော (ဗင်ထွီကယ်လ်)များဆီ သွေးများရောက်သွားပြီး၊ တကိုယ်လုံးသို့ ညှစ်ထုတ်ပေးသည်။ ညာဘက် (အေထွီယမ်) က တကိုယ်လုံးမှလာသော သွေးဟောင်းများ လက်ခံပြီး၊ ဘယ်ဘက် (အေထွီယမ်)က အဆုပ်မှသာသည့် အောက်စီဂျင် ပါသည့် သွေးများကို လက်ခံယူသည်။ ညာဘက်(ဗင်ထွီကယ်လ်)မှ ညှစ်ထုတ်လျင် သွေးများသည် အဆုပ်များထဲ ရောက်သွားသည်။ ဘယ်ဘက် (ဗင်ထွီကယ်လ်)က ညှစ်ထုတ်လျင် သွေးများသည် တကိုယ်လုံးသို့ရောက်သွားသည်။

Valves of the Heart နှလုံး၏အဆို့ရှင်များ

နှလုံးတွင် သွေးများအား လိုအပ်သည့် အရပ်မျက်နှာဆီသို့သာသွားစေရန်အတွက် Valves အဆို့ရှင်များရှိသည်။ နှလုံး၏ (အေထွီယံမ်) အထက်ခမ်းနှင့် (ဗင်ထွီကယ်လ်) အောက်ခမ်းများအကြားတွင် Atrioventricular valves (Cuspid valves) အဆို့ရှင်များ၊ ကြီးမားသည့်သွေးကြောများ၏အဝ၌ Tricuspid valve အဆို့ရှင်များရှိသည်။ ညာဘက်အထက်ခမ်းနှင့် ညာဘက်အောက်ခမ်းများ အကြားရှိ အဆို့ရှင်သည် Bicuspid or Mitral ခွက်ပုံ သုံးခုပါသည်။ ဘယ်ဘက်အထက်ခမ်း နှင့် ဘယ်ဘက်အောက်ခမ်းများ အကြားရှိသော အဆို့ရှင်သည် semilunar valve ခွက်ပုံ နှစ်ခုပါသည်။ ဘယ်ဘက် အောက်ခမ်း နှင့် သွေးလွှတ်ကြောမကြီး (အေရိုတာ)၏အဝ၌ Semilunar valve လခြမ်းပုံ နှစ်ခုဖြစ်သည်။ ညာဘက် အောက်ခမ်းနှင့် အဆုပ်ကြား၌လည်း Semilunar valve လခြမ်းပုံ နှစ်ခုဖြစ်သည်။

နှလုံးအတွင်း သွေးလှည့်လည်ပုံ

နှလုံးသည် စုတ်ထုတ်စက် နှစ်ခု (ညာဘက်-ဘယ်ဘက်) အသွင်ဖြစ်သည်။ အထက်ခမ်းများနှင့် အောက်ခမ်းများသည် သွေးကို တပြိုင်နက်တည်း ညှစ်ထုတ်ကြသည်။ ညာဘက် အထက်ခမ်းမှ ညာဘက် အောက်ခမ်းသို့၎င်း၊ ညာဘက် အောက်ခမ်းမှ အဆုပ်ထဲသို့၎င်း၊ အဆုပ်ထဲတွင် အောက်စီဂျင် ရယူပြီးသား သွေးများသည် ဘယ်ဘက် အထက်ခမ်းသို့ ဝင်လာပြီးနောက် ဘယ်ဘက်အောက်ခမ်းသို့သွားသည်။ ထို့နောက် ဘယ်ဘက် အောက်ခမ်းမှ ညှစ်ထုတ်သောသွေးများအား သွေးလွှတ်ကြောစနစ်ထဲသို့ ညှစ်ထုတ်သည်။

Myocardium ခေါ် နှလုံး၏ကြွက်သားများအတွက်လည်း အောက်စီဂျင်ပါသည့်သွေးလိုအပ်သည်။ ၎င်းသွေးကြောများကို Right and Left Coronary arteries ညာဘက်-ဘယ်ဘက် (ကိုရိုနရီ) သွေးကြောများဟုခေါ်သည်။ နှလုံးသွေးကြောကျဉ်း ရောဂါ ဆိုသည်မှာ ၎င်းသွေးကြောများ ကျဉ်းခြင်းဖြစ်သည်။

နှလုံးအလုပ်လုပ်ရန် နှလုံးကြွက်သားများအား Contraction ညှစ်ခြင်းနှင့် Relaxation လျော့ခြင်းတို့ စနစ်တကျလုပ်သည်။ ထိုအလုပ်လုပ်နိုင်ရန် Conduction System လျှပ်စစ်ဓာတ် စီးဆင်းမှုစနစ် ရှိသည်။ နှလုံးမှသွေးများကို ထိရောက်စွာ ညှစ်ထုတ်နိုင်ရန် ဖြစ်စဉ်တခုအတွက် တိကျစွာ ထိန်းညှိမှုရှိသည်။ ယင်းအလုပ်ကို Sinoatrial node ကလုပ်ပေးသည်။ ၎င်းက တမိနစ်လျင် ၇၀-၈၀ နှုန်း စီးချက်ကျကျ လုပ်ပေးသည်။ Heart rate (Pulse rate) = 70-80/minute

နှလုံး၏ ညှစ်ထုတ်ခြင်းနှင့် ပြန်လျော့ပေးခြင်း အလုပ်နှစ်မျိုး ပါဝင်သည့် ဖြစ်စဉ်တခုအား Cardiac Cycle ဟု ခေါ်သည်။ ညှစ်ထုတ်ခြင်းအဆင့်ကို Systolic phase ဟုလည်းကောင်း၊ ပြန်လျော့ပေးခြင်းအဆင့်ကို Diastolic phase ဟု ၎င်းခေါ်သည်။ ထို ဖြစ်စဉ်တပါတ်သည် (၀.၈) စက္ကန့် ကြာသည်။ ထို့ကြောင့် Blood preassure သွေးဖိအား တိုင်းသည့်အခါ အထက်သွေးချိန် ကို Systolic Pressure ဟုလည်းကောင်း၊ အောက်သွေးချိန်ကို Diastolic pressure ဟု ၎င်းခေါ်သည်။ BP = 110/80 mmHg

Heart Rate နှလုံးခုန်နှုန်း

Sino-atrial node က အဆက်မပြတ်၊ စီးချက်ကျကျဖြင့် နှလုံးကိုခုန်စေသည်။ ပြောင်းလဲနေသော ခန္ဓာကိုယ်အတွက် လိုအပ်သည့် သွေးပမာဏရစေရန် အနှေးအမြန် ပြောင်းနေသည်။ ယင်းကို Medulla Oblongata ခေါ် ဦးနှောက်၏ အစိတ်အပိုင်းတခုက ထိန်းပေးသည်။ ပုံမှန် နှလုံခုန်နှုန်းသည် ၁ မိနစ်လျှင် ၆၀ မှ ၁၀၀ (60-100 bpm) ရှိသည်။ ကောင်းစွာလေ့ကျင့်ထားသော အားကစားသမား၏ နှလုံးခုန်နှုန်းသည် ၄၀-၆၀ ရှိသည်။

5. Lymphatic System (လင့်ဖ်) သွေးပြန်ရည်စနစ်

(လင့်ဖ်) သွေးပြန်ရည်စနစ်သည် အလုပ်(၃)မျိုးလုပ်သည်။ (၁) အူထဲမှပိုလျှံသည့်အရည်များအား သွေးထဲပြန်ဝင်စေသည်။ (၂) အဆီနှင့်အဆီတွင်ပျော်ဝင်သည့် ဗီတာမင်များအား စုပ်ယူပေးသည်။ (၃) ရောဂါရစေသည့်ပိုးများအား ခုခံတိုက်ဖျက် ပေးသည်။

Red bone marrow ရိုးတွင်းခြင်ဆီက ထုတ်ပေးသော Lymphocytes (လင်ဖိုဆိုက်)နှင့် အခြား(ဆဲလ်)များ ပါဝင်သည်။ Lymph (လင့်ဖ်)သည် သွေးထဲရှိသော (ပလာစမာ)ကဲ့သို့ အရည်မျိုးဖြစ်သည်။ (ပလာစမာ)ကဖြစ်လာသည်။ Lymphatic Vessels (လင့်ဖ်)အကြောသည် သွေးကြောများနှင့်မတူ။ (တစ်ရှူး) များမှ ဝေးရာသို့သာ သယ်ဆောင်ပေးသည်။ • Lymphatic Organs (လင့်ဖ်)အင်္ဂါများ၊ • Lymph Nodes (လင့်ဖ်)နုတ်၊ • Tonsils (တောင်ဆယ်)အာသီး။ • Spleen (စပလင်း) ဘေလုံး။ • Thymus (သိုင်းမတ်စ်)

(လင့်ဖ်)နုတ်များသည် (၁) လက္မအရွယ်၊ ပဲစေ့ပုံရှိသည်။ တကိုယ်လုံးအနှံ့ရှိသည်။ တခုနှင့်တခု ဆက်နေသည်။ သွေးထဲအရည်များ ပြန်မဝင်မီ စစ်ပေးသည်။ ဗဟိုအာရုံကြောစနစ်၌မရှိ။ အပေါ်ယံရှိသောအုပ်စုများမှာ ပေါင်ခြံ။ ဂျိုင်းနှင့် လည်ပင်းတို့ဖြစ်သည်။ ကင်ဆာသည် ဤစနစ်မှတဆင့် တနေရာမှ တနေရာသို့ ကူးစက်သည်။ Oedema (Swelling) ကိုယ်ရောင်ခြင်းမှာ ဤစနစ်နှင့်ဆိုင်သည်။

Thymus (သိုင်းမတ်စ်)

ရင်ညွန့်ရိုး၏ နောက်ဖက် (အေအိုတာ)ခေါ် အထက်တက်သည့် သွေးလွှတ်ကြောမကြီး၏ ရှေ့၌ရှိသည်။ ကလေးများ၌ ပိုကြီးသည်။ ၎င်း၏အလုပ်မှာ (လင်ဖိုဆိုက်)များ ကြီးထွားစေရန်နှင့် Thymosin hormone ဟော်မုန်း ထုတ်ရန်ဖြစ်သည်။

Spleen (စပလင်း) ဘေလုံး

ဝမ်းဗိုက်၏ ဘယ်ဘက်အထက်ပိုင်း၊ (ဒိုင်ယာဖရမ်)၏ အောက်၊ အစာအိမ်၏ နောက်၌ ရှိသည့် အကြီးဆုံးသော (လင်ဖ်)အင်္ဂါ ဖြစ်သည်။ သွေးအား စစ်ပေးသည်။ ရောဂါပိုးဝင်လာလျင် (လင်ဖိုဆိုက်)များက တိုက်ပေးသည်။ အသဲနှင့်အတူတကွ အရွယ်လွန်သော။ သေသွားသော သွေးနီဥများကို ဖယ်ရှားပေး သည်။ သွေးကိုလည်း သိုလှောင်ထားပေးသည်။ ငှက်ဖျားရောဂါ နာတာရှည်ဖြစ်လျှင် ဘေလုံးကြီးတတ်သည်။ Splenomegaly

Tounsils (တောင်ဆယ်) အာသီး

နှာခေါင်း၊ ပါးစပ် နှင့် လည်ချောင်းတို့အား ဖုံးထားသော Mucous membranes (မြူးကပ်စ်) အမြှေး၏အောက်၌ ရှိသည်။

6. Respiratory System အသက်ရှူလမ်းကြောင်းစနစ်

သက်ရှူလမ်းကြောင်းစနစ်တွင် အသက်ရှူခြင်းသာမက သွေးလှည့်စနစ်နှင့်တွဲ၍ အောက်စီဂျင်ကိုယူခြင်း၊ အညစ်အကြးများ ထုတ်ခြင်းကိုလည်း လုပ်ပေးသည်။ ထို့ပြင် သွေး၏ (PH) အက်စစ်ဓာတ်ကို ထိန်းပေးသည်။ ၃-၅ စက္ကန့်တိုင်း အာရုံကြော၏ လှုံ့ဆောင်မှုကြောင့် ပတ်ဝန်းကျင်ထဲက လေအား ရှူသွင်းခြင်းကို အသက် ရှူသွင်း သည်ဟု ခေါ်သည်။ လေထဲမှ အောက်စီဂျင်ကို ယူပြီး၊ ကာဗွန်ဒိုင်အောက်ဆိုက်အား ပြန်ထုတ်သည်ကို အသက်ရှူထုတ်ခြင်းဟု ခေါ်သည်။

အသက်ရှူသွင်းရန် (ဒိုင်ယာဖရမ်)နှင့် ရင်ခေါင်းပိုင်းကြွက်သားများလှုပ်ရှားရသည်။ (ဒိုင်ယာဖရမ်)နှင့် နံရိုးကြား ကြွက်သား များက အစပြုပေးပြီး၊ လည်ပင်းရှိကြွက်သားများက ထောက်ကူသည်။ အသက်ရှူနိုင်ခြင်းသည် ဖိအားမတူမှု များကြောင့် ဖြစ်သည်။ တမိနစ်လျင် ၁၂-၁၅ ကြိမ်ရှူသည်။ အသက်ရှူလမ်းကြောင်းအား နှစ်ပိုင်းခွဲ လေ့လာသည်။ အပေါ်ပိုင်းတွင် နှာခေါင်း၊ (ဖေးရင့်) အာခေါင် နှင့် (လေးရင့်စ်) လေပြွန်တို့ပါသည်။ အောက်ပိုင်းတွင် (ထွေကီယာ) လေပြွန်ကြီး၊ သစ်ကိုင်းကဲ့သို့ရှိသည့် (ဘရောင်ခီယာ) နှင့် (လန်းခ်စ်) အဆုပ်တို့ပါဝင်သည်။

Trachea (ထွေကီယာ) လေပြွန် = အရိုးနုအရစ်များရှိ၍ ရှုံ့သွားခြင်း မဖြစ်နိုင်။ အတွင်းမျက်နှာ၌ အမွေးများ ပါသည့် (မြူးကပ်စ်-မင်ဘရိန်း) အလွှာဖုံးထားသဖြင့် လေထဲမှ အမှုံများ၊ ပိုးမွှားများ ဝင်လာခြင်းမှ တားဆီးနိုင်သည်။ Bronchi, (ဘရောင်ခိုင်)၊ (ဘရောင်ခီရယ်-ထွီး) နှင့် (လန်းခ်) ခေါ် အဆုပ်၊ လေပြွန်၊ ၎င်းမှ ညာနှင့် ဘယ် (ဘရောင်ခိုင်)များ ဖြာထွက်သည်။ ထို့နောက် ပိုမိုသေးငယ်သော ပြွန်များအဖြစ် ဖြာထွက် ပြီးနောက် အဆုပ် ထဲသို့ ဝင်သည်။ အဆုပ်ထဲတွင်လည်း ဆက်လက် သေးငယ်သည့် ပြွန်ငယ်လေးများအဖြစ် ဖြာထွက်ကာ နောက်ဆုံး Alveoli (အယ်လဗီယိုလိုင်)ခေါ် အိပ်ကလေးများတွင် ဆုံးသည်။

Lungs အဆုတ်များ

နှစ်ခုရှိသည်။ ရင်ခေါင်းပိုင်းတွင် အဓိကနေရာယူထားသည်။ ရင်ခေါင်းပိုင်းရှိ အခြားအင်္ဂါများမှာ နှစ်လုံး နှင့် ၎င်း၏ သွေးကြောကြီးများ ဖြစ်သည်။ အဆုတ်သည် လေရှိသဖြင့် ပြော့ပွပွဖြစ်သည်။ ညာဘက်အဆုတ်သည် ပိုတိုပြီး၊ ကားသဖြင့် လေပိုဆန့်သည်။ ၎င်း၌ (လုပ်ဖ်)(၃)ခုရှိသည်။ ဘယ်ဘက်အဆုပ်မှာ နှလုံးအား နေရာပေး ထားရသဖြင့် ပိုသေးသည်။ ၎င်း၌ Lobes (လုပ်ဖ်) (၂)ခုရှိသည်။ အဆုပ်ဖြင့် နေ့စဉ် လေ လီတာ ၂ သန်းကို ရှူနေသည်။ လေပြွန်များ၊ သွေးကြောများ၊ အာရုံကြောများ အဆုပ်ထဲ အဝင်အထွက်လုပ်သည့်နေရာကို Hilum (ဟိုင်လမ်)ဟု ခေါ်သည်။ (လင့်ဖ်-နုတ်)များရှိသည်။

အဆုတ်နှစ်ခုလုံးအား နှစ်ထပ်ရှိသော Pleura (ပလူရာ) ခေါ် အလွှာဖြင့်ဖုံးထားသည်။ (ပလူရာ) နှစ်ထပ်၏ ကြားသည် လှိုင်ခေါင်းဖြစ်နေရာ Pleural cavity (ပလူရယ်ကယ်ဗတီ) ဟုခေါ်သည်။ ၎င်းထဲတွင် ပါးလွှာသော အရည် ရှိနေသည်။ ၎င်းက ချောဆီကဲ့သို့ အလုပ်လုပ်ပေးခြင်းကြောင့် အဆုတ်လှုပ်ရှားလျင် ပွတ်တိုက်မှုကို သက်သာစေသည်။ ၎င်းအတွင်း အရည်များနေခြင်းကို Pleural effusion ဟုခေါ်သည်။

7. Digestive System အစာခြေစနစ်

အစာခြေလမ်းကြောင်းကို Gastrointestinal (GI) tract ဟု ခေါ်သည်။ အစာခြေအင်္ဂါများနှင့် အခြားအင်္ဂါတို့ ပါဝင်သည်။ ၎င်းတို့က စားလိုက်သောအစာအား (ဆဲလ်)များက စုပ်ယူနိုင်သည့် (မောလီကြူး)များအဖြစ် အဆင့်ဆင့် ပြောင်းပေးခြင်း ဖြစ်သည်။ Mouth ပါးစပ်၊ Pharynx အာခေါင်။ Esophagus အစာမြိုပြွန်။ Stomach အစာအိမ်၊ Small intestine အူသိမ်၊ Large intestine အူမကြီး၊ Rectum အစာဟောင်းအိမ်၊ Anus စအိုတို့ ပါဝင်သည်။

အလုပ်သုံးမျိုးလုပ်သည်။ 1. Digestion အစာခြေခြင်း၊ 2. Absorption အစာစုပ်ယူခြင်း၊ 3. Elimination အစာဟောင်း စွန့်ထုတ်ခြင်း၊

အစာကို (ဆဲလ်)များက အသုံးပြုနိုင်သည့် (မော်လီကြူး) များအထိ ဖြစ်လာစေရန် အဆင့် (၆)မျိုးရှိသည်။ Ingestion အစာကို ပါးစပ်ထဲသွင်းခြင်း၊ • Mechanical Digestion အစာကိုသေးငယ်သွားအောင် ဝါးခြင်း၊ ရောနှောခြင်း၊ ယင်းအလုပ်ကို (အင်ဇိုင်း) များက အလုပ်လုပ်ပေးနိုင်စေသည်အထိ လုပ်ရသည်။ • Chemical Digestion အစာထဲမှ (ကာဗွန်ဟိုက်ဒရိတ်)၊ (ပရိုတင်း) နှင့် အဆီတို့အား ရိုးရိုး (မော်လီကြူး) များ ဖြစ်လာစေရန် ဓာတုအစာချက်ခြင်း၊ • Movements အစာအား ဝါးပြီးနောက် လှုပ်ရှားမှုဖြင့် အထက်ပိုင်းမှ အောက်ပိုင်းသို့ ဆင်းစေရသည်။ မြိုချခြင်းဟု ခေါ်သည်။ ပါးစပ်၊ အာခေါင်၊ အစာမြိုပြွန်၊ အစာအိမ်၊ အူသိမ်၊ အူမကြီး၊ အစာဟောင်းအိမ်၊ အစာနှင့် အစာခြေ ရည်များ၊ (အင်ဇိုင်း)များ ရောနှောကာ အစာအိမ်နှင့် အူတို့၏ကြွက်သားများ ရှုံ့ပေးခြင်းဖြင့် အထက်မှ အောက်သို့ ရွေ့လျားစေသည်။ ထိုသို့ စီးချက်ကျသကဲ့သို့ လှုပ်ရှားနေမှုကို Peristalsis (ပယ်ရီစတောလ်ဆစ်) ဟုခေါ်သည်။ • Absorption (မော်လီကြူး) များသည် (ဆဲလ်) တို့က စုပ်ယူနိုင်သည့်အဆင့် ရောက်လာလျင် အူသိမ်၊ သွေး၊ (လင့်ဖ်) နံရံများကတဆင့် စုပ်ယူခြင်းလုပ်သည်။ • Elimination အစာမခြေနိုင်သော၊ စုပ်မယူနိုင်သော (မော်လီကြူး)များအား စအိုမှတဆင့်စွန့်ထုတ်သည်။ ဝမ်းသွားသည် ဟုခေါ်သည်။

အစာခြေလမ်းကြောင်းကြီးသည် (၉)မီတာရှည်သည်။ ပါးစပ်မှ စအိုအထိ အပိုင်းပိုင်းရှိသော်လည်း တည်ဆောက်ထားပုံမှာ အခြေခံအားဖြင့် တူညီသည်။ အစာခြေလမ်းကြောင်း၏ နံရံ၊ (မြူကိုဆာ)အလွှာ၊ (ဆပ်မြူကိုဆာ) အလွှာ၊ (မာစကူလာ) အလွှာ၊ (ဆီးရပ်စ်) အလွှာတို့ရှိသည်။

Mouth ပါးစပ်

စားလိုက်သောအစာများကို ထည့်သွင်းယူလျက် သေးငယ်စေရန် ဝါး၍ မြိုချပေးသည်။ နှုတ်ခမ်း၊ ပါး၊ အာခေါင်၊ သွားများနှင့် လျှာတို့ကလုပ်ပေးသည်။ သွားရည်ထွက်သော(ဂလင်း)များ၊ သွားရည်များကို လက်ခံသည်။

Teeth သွားများ

Milk teeth, baby teeth, temporary teeth, primary teeth ငယ်သွားများ၊ ၂၀ ချောင်းရှိသည်။ 2 Lower central incisors အောက် အလယ်ရှေ့သွားများ ၂ ချောင်း၊ ၆-၁၂ လ။ 2 Upper central incisors အထက် အလယ်ရှေ့သွားများ ၂ ချောင်း၊ ၆-၁၂ လ။ 2 Upper lateral incisors အထက် ဘေးရှေ့သွားများ ၂ ချောင်း၊ ၉-၁၆ လ။ 2 Lower lateral incisors အောက် ဘေးရှေ့သွားများ ၂ ချောင်း၊ ၉-၁၆ လ။ 4 First molars ပထမအံရှေ့သွားများ ၄ ချောင်း၊ ၁၃-၁၉ လ။ 4 Canines အထက်-အောက် စွယ်သွားများ ၄ ချောင်း၊ ၁၆-၂၃ လ။ 4 Second molars အထက်-အောက် ဒုတိယအံသွားများ ၄ ချောင်း၊ ၂၂-၃၃ လ။

Permanent teeth ကြီးသွားများ၊ စုံလင်ချိန်၌ စုစုပေါင်း ၃၂ ချောင်းရှိသည်။ ၆ နှစ်မှစပေါက်ပြီး ၁၃ နှစ်တွင် ၂၈ ချောင်း ရှိပြီ။ အန်ဆုံးတို့သည် ၁၇-၂၁ နှစ်ရောက်မှပေါက်သည်။ 4 mandibular incisors အောက် ရှေ့သွားများ ၄ ချောင်း၊ 4 maxillary incisors အထက် ရှေ့သွားများ ၄ ချောင်း၊ 2 mandibular canines အောက် စွယ်သွားများ ၂ ချောင်း၊ 2 maxillary canines အထက် စွယ်သွားများ ၂ ချောင်း၊ 4 mandibular premolars အောက် ရှေ့အံသွားများ ၄ ချောင်း၊ 4 maxillary premolars အထက် ရှေ့အံသွားများ ၄ ချောင်း၊ 6 mandibular molars အောက် အံသွားများ ၆ ချောင်း၊ 6 maxillary molars အံသွားများ ၆ ချောင်း၊

Salivary Glands တံတွေးထွက်သည့် (ဂလင်း)များ (1) Parotid gland (ပရောတစ်)ဂလင်း၊ (2) Submandibular gland (ဆပ် မင်ဒီဗယ်) ဂလင်း၊ (3) Sublingual gland (ဆပ် လင်ဂွယ်)ဂလင်း၊

တံတွေးထဲတွင် ရေ။ (မြူးကပ်စ်) ခေါ် အချွဲ နှင့် Amylase enzyme (အမိုင်လေ့စ်-အင်ဇိုင်း)တို့ ပါဝင်သည်။ သွားကို သန့်ပေးခြင်း၊ အစားအစာကို ဝါးနေစဉ်နှင့် မြိုစဉ် စိုစွတ်စေခြင်း၊ အစားအစာကို အရသာ ခံနိုင်စေရန် ကူညီခြင်း၊ အစားအစာထဲမှ ကစီဓာတ် (ကာဗွန်ဟိုက်ဒရိတ်) အား ခြေဖျက်ခြင်း၊ Palate (ပဲလိတ်) အာခေါင် ပါးစပ်၏အမိုးဖြစ်ပြီး၊ နှာခေါင်းပိုင်းနှင့် ခြားထားသည်။ ရှေ့ပိုင်းကအရိုးရှိ၍ မာပြီး၊ နောက်ပိုင်းက ပျော့သည်။ အဆုံးပိုင်းကို Uvula (ယူဗြူလာ) ဟုခေါ်သည်။ အစာကိုမြိုချစဉ် ၎င်းနောက်ပိုင်းက အပေါ်သို့ မျက်နှာမူ ပေးခြင်းဖြင့် အစာအား နှာခေါင်းနှင့် ဝေးစေသည်။

Tongue (တန်းခ်) လျှာ အစာကို ထိန်းပေး ရွေ့ပေးသည်။ စကားပြောရာတွင်သုံးသည်။ ၎င်း၏မျက်နှာပြင်၌ Papillae (ပဲလိတ်) ရှိသောကြောင့် ချောမွေ့စေခြင်းနှင့် အရသာခံခြင်းလုပ်ပေးသည်။

Pharynx (ဖေးရင့်) အာခေါင် (ပါးစပ်နှင့်နှာခေါင်း) အား Larynx (လေးရင်စ်) အသံအိုးနှင့် Esophagus (အီဆိုဖေးဂတ်စ်) အစာမြိုပြွန်တို့နှင့် ဆက်ပေးထားသည်။ ထို့ကြောင့် အစာလမ်းအလုပ်နှင့်အသက်ရှူလမ်း အလုပ်နှစ်မျိုးလုံးအသုံးဝင်သည်။

Esophagus (အီဆိုဖေးဂတ်စ်) အစာမြိုပြွန် ပြားနိုင်-ဖေါင်းနိုင်သည့်ကြွက်သားနှင့်လုပ်ထားသည်။ အာခေါင်မှ အစာအိမ်ထိ ရှည်သည်။ လေပြွန်ကြီးနောက်မှဆင်းကာ Diaphragm (ဒိုင်ယာဖရမ်) ခေါ် ကြွက်သားကြီး၏ အပေါက်တခုထဲဝင်ကာ အစာအိမ်နှင့် ဆက်သွားသည်။ အဝများတွင် Sphincters (စဖင်တာ)ရှိ၍ အစာပြန်တက်ခြင်းမဖြစ်ရန် ထိန်းပေးသည်။

(Stomach) (စတားမတ်ခ်) အစာအိမ်

အစာမြိုပြွန်မှ ဝင်လာသည့်အစာများကို လက်ခံကာ ဆက်လက်၍ အောက်ပို့ ပေးသည်။ (၄)ပိုင်း ခွဲထားသည်။ Fundus (ဖန်းဒတ်စ်)၊ Cardiac (ကားဒီယက်)၊ Body ကိုယ်ထည် နှင့် Pylorus (ပိုင်လိုးရပ်) တို့ ဖြစ်သည်။ အစာအိမ် အတွင်းနံရံတွင်ရှိသော(ဆဲလ်)များက Gastric juice (Hydrochloric acid) ထုတ်ပေးသည်။ အကျယ်ဆုံး နေရာသည် 12” x 6” ရှိသည်။ အရက် နှင့် Aspirin ဆေးတို့ကို စုပ်ယူနိုင်သည်။

Small Intestine (စမောလ်-အင်တက်စတိန်း) အူသိမ်

အစာအိမ်၏ နောက်ဆုံးပိုင်းဖြစ်သော Pylorus (ပိုင်လိုးရပ်)မှ ဆက်၍ Large intestine အူမကြီး၏အစထိ ရှည်သည်။ အစာခြေခြင်းအလုပ်၊ စုပ်ယူခြင်း အလုပ်များ အပြီးသတ် လုပ်ပေးသည်။ ၎င်း၏ လမ်းတလျောက် Liver အသဲ။ Pancreas (ပန်ကရိယပ်စ်) သရက်ရွက်၊ Gall bladder (ဂေါလ်-ဗလဒါ) သည်းခြေအိပ်တို့နှင့် ဆက်စပ်နေသည်။ အစပိုင်းအား Duodenum (ဒူယိုဒီနမ်)၊ အလည်ပိုင်းကို Jejunum (ဂျက်ဂျူနမ်)၊ အောက်ပိုင်းအား Ileum (အီလီယမ်)ဟုခေါ်သည်။ အတွင်းနံရံမှ အစာခြေရည်များ mucus, peptidase, sucrase, maltase, lactase, lipase, and enterokinase ထုတ်ပေးသည်။

Large intestine အူမကြီး

အစပိုင်း Caecume (စေကမ်)၊ အထက်-ဘေးတိုက်-အောက်ဆင်းသည့်အပိုင်း Colon (ကိုလုံ)၊ အစာဟောင်းအိမ် Rectum (ရက်တမ်) ဟူ၍(၃)ပိုင်းခေါ်သည်။ ၅ စင်တီမီတာရှည်သည်။ စအို Anal cannel (အေနယ်-ကင်နယ်) သည် ၂-၃ စင်တီမီတာရှည်သည်။ အစာခြေရည်မထုတ်၊ ရေနှင့် ဓာတ်ဆားများ စုပ်ယူပေးသည်။ ဝမ်းကိုထုတ်ပြစ် ပေးသည်။ စအိုအဝ၌ Internal and External anal sphincters (စဖင်တာ)များရှိသည်။

Liver (လစ်ဗာ) အသဲ

ဝမ်းဗိုက်၏ အပေါ်ညာဘက်ပိုင်းတွင် (ဒိုင်ယာဖရမ်)၏ အောက်၌ ရှိသည်။ ခန္ဓာကိုယ်၏ အကြီးဆုံးသော အင်္ဂါ ဖြစ်သည်။ အပြင်ပန်းအားဖြင့် ကြီးသော ညာဘက်ခြမ်း နှင့် ငယ်သော ဘယ်ဘက်ခြင်းဟု ခွဲနိုင်သည်။ အသဲထဲသို့ ဝင်သည့် သွေးမှာ နှစ်နေရာမှ ဖြစ်သည်။ တမျိုးသည် သွေးလွှတ်ကြောမှ သန့်ထားပြီးသော သွေးများနှင့် အစာခြေလမ်းကြောင်းမှ အာဟာရဓာတ်များ ပါသည့်သွေး များဖြစ်သည်။

Gall bladder (ဂေါလ်-ဘလယ်ဒါ) သည်းခြေအိပ်

သစ်တော့သီးပုံရှိသည့် အသဲအား အောက်က တွယ်နေသော အိပ်ဖြစ်သည်။ Bile (ဘိုင်းလ်) ခေါ် အသဲမှထုတ်ပေးသည့် သည်းခြေရည်အား သိုလှောင်ထား သည်။ ၎င်းသည် အဆီကို ကျေချက်ရန် ဖြစ်သည်။ Pancreas (ပန်ကရိယ) သရက်ရွက် သည် Insulin (အင်စူလင်)ခေါ် ဆီးချို ထိန်းသည့် ဟော်မုန်း နှင့် အခြားဟော်မုန်း ထုတ်ပေးသည်။ ထို့ပြင် အစာခြေ (အင်ဇိုင်း)တမျိုးကိုလည်း ထုတ်ပေးသည်။

အသဲ၏အလုပ်များ

1. secretion စစ်ထုတ်ခြင်း၊ 2. synthesis of bile salts (ဗိုင်းလ်)ဆားချက်ခြင်း၊ 3. synthesis of plasma protein သွေးထဲရှိ (ပလစမာ) ချက်ခြင်း၊ 4. storage သိုလှောင်ပေးခြင်း၊ 5. detoxification အဆိတ်ဖြေပေးခြင်း၊ 6. excretion စွန့်ထုတ်ပေးခြင်း၊ 7. carbohyrate metabolism (ကာဗွန်ဟိုက်ဒရိတ်)အား ချက်ပေးခြင်း၊ 8. lipid metabolism အဆီကို ချက်ပေးခြင်း၊ 9. protein metabolism (ပရိုတင်း)အား ချက်ပေးခြင်း၊ 10. filtering စစ်ပေးခြင်း၊

9. Urinary System ဆီးလမ်းကြောင်းစနစ်

  • Kidneys ကျောက်ကပ်၊ ၂ ခု။
  • Ureters (ယူရေတာ) ကျောက်ကပ်မှ ဆီးအိမ်သို့ပို့ပေးသည့် ဆီးပြွန်၊ ၂ ခု။
  • Urinary Bladder ဆီးအိမ်၊ ၁ ခု။
  • Urethra ဆီးသွားပြွန်၊ ၁ ခု။

ဆီးလမ်းကြောင်းစနစ်၏ ပင်မအလုပ်မှာ ခန္ဓာကိုယ်၏အရည်ထုထည်အား ပုံမှန်ရှိနေစေရန် ထိန်းပေးသည်။ (ဆဲလ်)များ အတွင်း (မက်တာဘော်လဇင်) ဇီဝဖြစ်စဉ်ကြောင့် ထွက်လာသည့် မလိုအပ်သော အညစ်အကြေး များကို စွန့်ထုတ်ပေးသည်။ အလားတူ အဆုပ်သည် ကာဗွန်ဒိုင်အောက်ဆိုက်နှင့် ရေကို၎င်း၊ အရေပြားမှ အညစ်အကြေးကို ချွေးအဖြစ်၎င်း၊ အူသိမ်မှ သွေးနီဥကထွက်သော (ဗိုင်းလ်)ဆားကို၎င်း စွန့်ထုတ်ပေးကြသည်။

Kidneys ကျောက်ကပ်

ကျောက်ကပ်သည် သွေးအား စစ်ပေးခြင်းဖြင့် Urine ဆီးဖြစ်စေသည်။ နံရိုးနံပါတ် ၁၂ နှင့် ခါးရိုးဆစ် နံပါတ် (၃) အကြား ရှိသည်။ ညာဘက်ကျောက်ကပ်သည် အသဲရှိနေ၍ အနည်းငယ် အောက်ကျသည်။ ၃ စင်တီမီတာထူ၍၊ ၆ စင်တီမီတာ ကျယ်ကာ၊ ၁၂ စင်တီမီတာရှည်သည့် ပဲစေ့ပုံရှိသည်။ အတွင်းဘက်အား Hilum ဟုခေါ်ပြီး၊ ကျောက်ကပ်၏ Hilum မှ Bladder ဆီးအိမ်ကြားရှိသည့် Ureter (ယူရေတာ) ဆီးပြွန် သည် ၂၅ စင်တီမီတာ ရှည်သည်။

Urinary Bladder ဆီးအိမ်

ဆီးကိုမသွားသေးမီ ထိန်းထားသည့်အိမ်တခုဖြစ်သည်။ ရှေ့တွင် ဆီးစပ်ရိုးနှင့် အပေါ်တွင် (ပယ်ရီတိုနီယံ) Peritonium အလွှာဖြင့် ဖုံးထားသည်။ အတွင်းကို (မြူကိုဆာ)ဖြင့် ဖုံးထားသည်။ ၃၀၀-၃၅၀ စီစီဆန့်သည်။

Ureter ဆီးထွက်ပြွန်

ကျား၏ ဆီးထွက်ပြွန်သည် ၂၀ စင်တီမီတာရှိ၍ရှည်သည်။ အမျိုးသမီးများ၊ ဆီးထွက်ပြွန်သည် ၃-၄ စင်တီမီတာ ရှိ၍ တိုသည်။ ဆီးထွက်သည်ကို ထိန်းပေးသော (စဖင်တာ)နှစ်ခုရှိရာ အထဲ(စဖင်တာ)အား စိတ်မှထိန်းမရ။ အပြင်(စဖင်တာ) ကို စိတ်မှ ထိန်းပေးနိုင်သည်။ ယောက်ျား၏ ဆီးထွက်ပြွန်သည် ယောက်ျားများ၌သာရှိသော Prostate gland ဆီးကြိတ် (ပရောစတိတ်-ဂလင်း) ကို ဖြတ်သွားသည်။ မ-ဆီးထွက်ပြွန်သည် ကျား-ဆီးထွက်ပြွန်ထက် တိုသဖြင့် ဆီးအိမ်သို့ ရောဂါပိုး ဝင်လွယ်သည်။

10. Reproductive System မျိုးပွားစနစ်

မျိုးပွားစနစ်၏ပင်မအလုပ်မှာ မျိုးဆက်ပြတ်မသွားစေရေးဖြစ်သည်။ မ-ကျား မျိုးဥထုတ်ခြင်း၊ မ-ကျား မျိုးဥ များအား သန္ဓေ ရစေရန် သယ်ပို့ပေးခြင်း၊ သန္ဓေသားကြီးထွားစေခြင်း၊ သက်ဆိုင်ရာဟော်မုန်းများ ထုတ်ခြင်းတို့ ဆောင်ရွက်သည်။

Male Reproductive System ကျား မျိုးပွားစနစ်

  • ကျားသုတ်ပိုးသယ်ပို့သည့်ပြွန်
  • ပီးနစ် ကျားလိင်တံ
  • ပွသည့်ဆီးထွက်ပြွန်
  • (ဆီမီနယ်-ဗဆိုက်ကယ်)
  • (ပရောစတိတ်-ဂလင်း)ဆီးကြိတ်
  • (အပီဒီဒါးမစ်)
  • (တက်စတိစ်)

Female Reproductive System မ-မျိုးပွားစနစ်

  • (အိုဘရီ) = မျိုးဥအိမ်၊
  • (ယူးထွပ်စ်) = သားအိမ်၊
  • (ဆားဗစ်) = သားအိမ်အဝ၊
  • (ဗဂျိုင်းနား) = မွေးလမ်းကြောင်း၊
  • (ယူရနရီ-ဘလယ်ဒါ) = ဆီးအိမ်၊
  • (ဆင်ဖဆစ်-ပြူးဗစ်) = ဆီးစပ်ရိုး၊
  • (မွန်း-ပြူးဗစ်) = ဆီးစပ်အခုံးပိုင်း၊
  • (ကလိုက်တောရစ်) = မိန်းမကိုယ်အစိ၊
  • (လေဘီယာ-မေဂျာ) = ကြွက်သားကြီး၊
  • (လေဘီယာ-မိုင်နာ) = ကြွက်သားသေး၊
  • (ယူရစ်ဿရာ) = ဆီးထွက်ပြွန်၊ (ရက်တန်မ်) = အစာဟောင်းအိမ်၊
  • Cervix (ဆားဗစ်) သားအိမ်ဝ သားအိမ်၏အောက်ဆုံး၌ရှိပြီး၊ မွေးလမ်းကြောင်းထိပ်အတွင်းဝင်နေသော ကျဉ်းမြောင်းသည့် အစိတ်အပိုင်းဖြစ်သည်။

External os (အိတ်စ်တာနယ်-အော့စ်) သားအိမ်ဝ၏ ထွက်ပေါက်

  • Cervix (ဆားဗစ်) သားအိမ်ဝ၏ ထွက်ပေါက် သို့မဟုတ် အပြင်ပေါက်သည် မွေးလမ်းကြောင်းထိပ်အတွင်း ဝင်နေသည့် လုံးဝိုင်းသောအပိုင်း ဖြစ်သည်။ ပို၍တိုသော ရှေ့နုပ်ခမ်းနှင့် နောက်နုပ်ခမ်းတို့ရှိသည်။
  • Ovary (အိုဘရီ) မ-မျိုးဥအိမ်များ၊ (၂)ခုရှိသည်။ ၃.၅ စင်တီမီတာရှည်။ ၂ စင်တီမီတာကျယ်။ ၁ စင်တီမီတာထူသည်။
  • Ovum (အိုဗမ်) မ-မျိုးဥသည် အရွယ်ရောက်ချိန်တွင် ၃ သိန်းရှိမည်။ အချို့သာလျင် ရင့်မည့်သောဥအဖြစ် ပြောင်းလဲ နိုင်သည်။ သွေးဆုံးချိန်၌မရှိကြတော့ချေ။ ရာသီတလအတွင်း ၁ ဥသာထွက်သည်။

Mammary Glands (မင်မရီ-ဂလင်း) ရင်သား (နို့)

(ပက်တိုရယ်-မာဆယ်) ခေါ် ရင်ပတ်ကြွက်သားကြီးပေါ်တွင် ရှိသည်။ (အေရီယိုလာ)မှာ အရောင်ရင့်သည့် အဝိုင်း၊ (နစ်ပယ်လ်) မှာ ရင်သားထိပ် အတွင်းထဲ၌ (လုပ်ဖ်)ခေါ် အဆုပ် ၁၅-၂၀ ရှိသည်။ ၎င်းတို့က ရင်သားထိပ်သို့ ပြွန်(ဒတ်) များဖြင့် ပွင့်ထွက်နေသည်။ (လုပ်ဖ်)တိုင်း၌ (လိုဗြူး)များရှိ၍၊ (လိုဗြူး)များတွင် (ဂလင်း)များရှိသည်။ နို့ရည်ထွက်သည့် အလုပ်ကို (ဟော်မုန်း)များက ထိန်းချုပ်ပေးသည်။ အရွယ်ရောက်ချိန်မှာ (အီစထိုဂျင်)များလာပြီး၊ (ဂလင်း)များ ဖြစ်လာစေ သည်။ အရွယ်အစားကြီးလာစေသည်။ (ပရိုဂျက်စတီရုံး)က ပြွန်(ဒတ်) များဖြစ်စေသည်။ ကိုယ်ဝန်ဆောင်လျင် ပို၍ အလုပ် လုပ်ပေးသည်။ ဦးနှောက်အောက်ရှိ (ပင်ကျူထရီ-ဂလင်း)က ထုတ်ပေးသော ဟော်မုန်းကြောင့် နို့ရည် ဖြစ်ပေါ်လာသည်။ (အောက်စီတိုဇင်)က နို့ရည်ညှစ်ပေးသည်။

  • (ဗဂျိုင်းနား) = မွေးလမ်းကြောင်း၊
  • (မွန်း-ပြူးဗစ်) = ဆီးစပ်အခုံး။
  • (ကလိုက်တောရစ်) = မိန်းမကိုယ်အစိ။
  • (လေဘီယာ-မေဂျာ) = မိန်းမကိုယ်ကြွက်သားကြီး။ (လေဘီယာ-မိုင်နာ) = မိန်းမကိုယ်ကြွက်သားအသေး။
  • (ယူရစ်ဿရာ-အော်ရဖစ်) = ဆီးထွက်ပြွန်အဝ။
  • (ပရီပြုစ်) = မိန်းမကိုယ်အပေါ်ပိုင်း၊
  • (အေးနပ်စ်) = စအို။
  • (အင်ဖန်ဒီဗြူလမ်) = သားအိမ်ပြွန်၏ အဖျားပိုင်း၊ (ဖင်ဘရီရေးလ်) = သားအိမ်ပြွန် အဖျားပိုင်း အမျှဉ်များ၊
  • (ယူထွိုင်-ကြု) = သားအိမ်ပြွန်၊
  • (ဖန်းဒတ်စ်) = သားအိမ်ထိပ်၊
  • (ယူးထွပ်စ်) = သားအိမ်၊
  • (အိုဘရီ) = မျိုးဥအိမ်၊
  • (ဆားဗစ်) = သားအိမ်အဝ၊
  • (အင်ဒိုမီးထွီးယမ်း) = သားအိမ်ကြွက်သား အတွင်းဆုံးလွှာ၊
  • (မိုင်ယိုမီးထွီးယမ်း) = သားအိမ်ကြွက်သားအလယ်လွှာ၊
  • (ဗဂျိုင်းနား) = မွေးလမ်းကြောင်း၊
  • (ပယ်ရီမီးထွီးယမ်း) = သားအိမ်ကြွက်သား အပြင်လွှာ

 undefined

အူသိမ်

 

အူသိမ်သည် အစာအိမ်နှင့် အူလမ်းကြောင်းရှိ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပြီး လူတို့စားသုံးသော အစာအာဟာရများကို စုပ်ယူရာ နေရာဖြစ်သည်။ ၎င်းသည် အစာအိမ် နှင့် အူမကြီးအကြားတွင် တည်ရှိပြီး ပန်ကရိယပြွန်မှတဆင့် အစာခြေဖျက်ရန် သည်းခြေရည် နှင့် ပန်ကရိယရည်များကို လက်ခံရယူသည်။ အူသိမ်သည် ၅.၅ မီတာ ( ၁၈ ပေ)ခန့် ရှည်လျားပြီး ဝမ်းဗိုက်ထဲ ဝင်ဆန့်နိုင်ရန် အထပ်များစွာ ခေါက်သွင်းထားသည်။၎င်းသည် အူမကြီးထက် ပိုမိုရှည်လျားသော်လည်း အချင်းအားဖြင့် တိုတောင်းသောကြောင့် အူသိမ်ဟု ခေါ်ရခြင်းဖြစ်သည်။

အူသိမ်တွင် ထင်ရှားသော အပိုင်း (၃)ပိုင်း ပါဝင်ပြီး ၎င်းတို့မှာ အူသိမ်ဦးပိုင်း၊ အူသိမ်လယ်ပိုင်း နှင့် အူသိမ်နှောင်းပိုင်း တို့ ဖြစ်ကြသည်။ ၎င်းတို့အနက် အူသိမ်ဦးပိုင်းမှာ အတိုဆုံးဖြစ်ပြီး အတွင်းမျက်နှာပြင်ရှိ လက်ချောင်းလေးများနှင့်တူသော အူတွင်းမြှေးတွန့်များမှတဆင့် အစာစုပ်ယူခြင်းစတင်ရာ နေရာဖြစ်သည်။ အူသိမ်ဦးပိုင်းရှိ အင်ဇိုင်းများနှင့် ခြေဖျက်ခြင်းခံရသော အာဟာရများကို အူသိမ်လယ်၏ အတွင်းနံရံရှိ အူတွင်းဆဲလ်များမှတဆင့် စုပ်ယူသည်။ အူသိမ်နှောင်းပိုင်း၏ အဓိကတာဝန်မှာ ဗီတာမင် ဘီ ၁၂၊ သည်းခြေဓာတ်ဆား နှင့် အူသိမ်လယ်တွင် စုပ်ယူခြင်း မခံရသည့် အရာများကို စုပ်ယူခြင်းပြုရန်ဖြစ်သည်။

သွေးလွှတ်ကြော

 သွေးလွှတ်ကြောများသည် နှလုံးမှ သွေးများကို သယ်ယူသွားသည့် သွေးကြောများဖြစ်သည်။ pulmonary နှင့် umbilical သွေးလွှတ်ကြောမှလွဲ၍ သွေးလွှတ်ကြောများ သယ်ဆောင်သည့် သွေးများသည် အောက်စီဂျင်ပြည့်ဝသော သွေးများဖြစ်သည်။

သွေးပြန်ကြော

 

သွေးပြန်ကြောများသည် သွေးလည်ပတ်စနစ်အတွင်း သွေးများကို နှလုံးသို့ ပို့ဆောင်ပေးသည့် သွေးကြောများဖြစ်သည်။ Pulmonary သွေးပြန်ကြောနှင့် Umbilical သွေးပြန်ကြောမှလွဲ၍ သွေးပြန်ကြောများသည် တစ်ရှူး (အသား) များမှ အောက်စီဂျင် ကင်းမဲ့သည့် သွေးညစ်များကို နှလုံးသို့ ပို့ပေးသည်။ သွေးလွှတ်ကြောများနှင့် နှိုင်းယှဉ်လျှင် သွေးပြန်ကြော၏ နံရံများတွင် ကြွက်သားပိုနည်းသည်။

 

 အသည်း (肝) သည် သတ္တဝါများ၏ အဓိက သက်ရှိအင်္ဂါ များထဲမှ တစ်ခုဖြစ်ပြီး ပုံမှန်အားဖြင့် အဆိပ်ထုတ်ခြင်း၊ ပရိုတင်းများ ပေါင်းစပ်ခြင်း၊ အာဟာရများကို သိုလှောင်ခြင်း၊ သည်းခြေ နှင့် ယူရီးယား တို့ကို ထုတ်လုပ် ပေးသည်။ အသက်ရှင်သန်ရန်အတွက် အသည်းသည် လိုအပ်ပါသည်။

၎င်းသည် ကျောရိုးရှိ သတ္တဝါ များနှင့် အခြားတိရစ္ဆာန်များ၏ အစာချေစနစ်တွင် အရေးပါသည့် အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်သည်။ အသည်းသည် သက်ရှိများ၏ ဇီဝဖြစ်ပျက်မှုတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်သည်။ အဆိပ်ဖြေခြင်း၊ ပရိုတိန်းဖွဲ့စည်းခြင်း၊ အစာချေရာတွင် လိုအပ်သည့် ဓာတ်ပစ္စည်းများ ထုတ်ပေးခြင်း စသည်ဖြင့် လုပ်ဆောင်နိုင်စွမ်းရှိသည်။

ဆေးပညာတွင် အသည်းနှင့် ပတ်သက်သည့် အင်္ဂလိပ်ဝေါဟာရများသည် အသည်းဟု အဓိပ္ပာယ်ရှိသည့် ဂရိဘာသာ hēpar (ήπαρ) မှ ဆင်းသက်လာသည့် hepato- သို့မဟုတ် hepatic- နှင့် အစပြုလေ့ရှိသည်။ [၂] ဥပမာအားဖြင့် အသည်းရောင် ရောဂါကို Hepatitis ဟုခေါ်သည်။ 

 

 

အသည်း

ကိုယ်ခန္ဓာ၏ အရည်အိတ်ခေါ် ဂလင်းအပေါင်း တို့တွင် အသည်းသည် အကြီးဆုံးဖြစ်၍ လူ၏ ကိုယ်ခန္ဓာတွင် အလေးချိန်အားဖြင့် အောင်စငါးဆယ်၊ သို့မဟုတ် ရှစ်ဆဲ့ကိုးကျပ်သား ကျော်ကျော်ခန့်မျှ ရှိသည်။ ရင်နှင့် ဝမ်းကိုခြားသော ဒိုင်ယာဖရမ် (အမြှေး)အောက်တွင် ကပ်လျက် ဝမ်းခေါင်း၏ လက်ယာဘက်၌ တည်ရှိလေသည်။ အသည်းသည် အပ်ထိပ်ခန့်မျှရှိသော အမြှေးအိမ်ကလေးများနှင့် ထိုအမြှေးအိမ်တို့အကြားတွင်ရှိသော ဆံချည်မျှင် သွေးကြောငယ်တို့ဖြင့် ပြွမ်းလျက် တည်ရှိ၏။ အသည်းတွင် သွားလာလျက်နေသော အကြောကြီး သုံးကြောရှိလေသည်။ ထိုအကြောတို့မှာ (၁) အသည်းတွင်ရှိသော ဆဲများ ထောက်ပံ့ရန် နှလုံးမှ သွေးသန့်ကို ယူဆောင်လာသော သွေးလွှတ်ကြော၊ (၂) အစာအိမ်၊ အူသိမ်၊ သရက်ရွက်နှင့် ပန်ကရိတို့မှလာသော သွေးပြန်ကြောမ (ပေါ်တယ်သွေးပြန်ကြော)၊ (၃) အသည်းမှ အစာချေရာ၌ အထောက်အပံ့ဖြစ်စေရန် ထုတ်ပေးသည့် အရည်ကို ဆောင်ယူသွားသော အကြောတို့ ဖြစ်၏။ ထိုအကြောကြီး သုံးခုတို့သည် အသည်းသို့ ရောက်သောအခါ အကြောငယ်ပေါင်း မြောက်မြားစွာအဖြစ်သို့ အစိတ်စိတ် အမြွှာမြွှာ ကွဲသွား၍ အသည်း၏အစိတ်အပိုင်း အရပ်ရပ်တွင် ပျံ့နှံ့လျက် တည်ရှိကြ၏။ အသည်းသည် ဂလင်းတို့တွင် အကြီးဆုံးဖြစ်ရခြင်းမှာအကြောင်းမဲ့မဟုတ်ချေ။ အသည်း၌ အလွန်အရေးကြီးသော လုပ်ငန်းလေးရပ် ရှိ၏။ ထိုလုပ်ငန်းတို့မှာ - (၁) အစာချေရာ၌ အသုံးဝင်သော သည်းခြေရည် (ဗိုင်းအရည်)ကို ထုတ်ပေးရခြင်း၊ (၂) အစာအိမ်၊ အူသိမ်၊ အူမကြီးတို့မှ စုတ်ယူလာသော သကြားကို ဂလိုင်ကိုဂျင် (တိရစ္ဆာန်ကစီ)အဖြစ်ဖြင့် ဆဲများတွင် သိမ်းဆည်းထား၍ ကြွက်သားမှလိုသောအခါ ထုတ်ပေးရခြင်း၊ (၃) အစာကြောင်းနှင့် အသည်းဆက်နေသည့် သွေးပြန်ကြောမဖြင့် ရောက်ရှိလာသော အာဟာရဓာတ်များကို အညစ်အကြေးတစ်ခြား အာဟာရဖြစ်စေသော ဓာတ်တစ်ခြား ခွဲခြား ချက်လုပ်ပြီးနောက် အညစ်အကြေးရည်ကို ဆီးအဖြစ်ဖြင့် စွန့်ထုတ်ပေးရခြင်း၊ (၄) အဆီကို အောက်ဆီဒေးရှင်းခေါ် အောက်ဆီဂျင်နှင့် ပေါင်းစပ်နိုင်အောင် ပြုပြင်ပေးရခြင်းဟူသောလုပ်ငန်းများ ဖြစ်သည်။ အသည်းကို ကြောရိုးရှိသတ္တဝါမှန်သမျှနှင့် ကြောရိုးမဲ့ သတ္တဝါအချို့တွင် တွေ့ရသည်

 

မြန်မာနိုင်ငံတွင် အဖြစ်များသော အသည်းရောဂါများ  

 

  • အသည်းအဆီဖုံးခြင်း
  • အသည်းခြောက်ခြင်း
  • အသည်းရောင်ခြင်း

 

ကျောက်ကပ်

 undefined

ကျောက်ကပ်သည် ကျောရိုးရှိ သတ္တဝါတို့၏ ကိုယ်တွင်းအင်္ဂါ တစ်ခုဖြစ်၍ ကျောရိုး သို့မဟုတ် ကျောက်ကုန်းရိုး၏ ခါးပိုင်း တစ်ဖက်တစ်ချက်တွင် တည်ရှိသည်။ ကျောက်ကပ်၏ အဓိက စွမ်းဆောင်ရည်မှာ သွေးကြောမှ စွန့်ပစ်ပစ္စည်းများအား ဆီးအဖြစ် စစ်ထုတ်ပေးခြင်း ဖြစ်သည်။ လူတို့တွင် ကျောက်ကပ်တို့သည် မဲနောက်စေ့သဏ္ဌာန်ရှိသည်။ ပမာဏအားဖြင့် အလျား ၄ ၁/၂ လက်မ၊ အကျယ် ၂ ၁/၂ လက်မရှိပြီး ၁ ၁/၂ လက်မခန့်ထူသည်။ အလေးချိန်အားဖြင့် ၉ ကျပ်သားခန့် ရှိသည်။

လက်ယာဘက်ရှိ ကျောက်ကပ်နှင့် လက်ဝဲဘက်ရှိ ကျောက်ကပ်တို့သည် တစ်ခုနှင့်တစ်ခု ခပ်ကွေးကွေး ဆိုင်၍နေသည်။ လက်ျာဘက် ကျောက်ကပ်သည် အထက်၌ အသည်း ရှိနေသဖြင့် လက်ဝဲဘက် ကျောက်ကပ်ထက် အနည်းငယ် အောက်ကျ၍နေသည်။ သွေးကြောမ (Aorta) မှလာသော သွေးလွှတ်ကြောသည် ကျောက်ကပ်ထဲသို့ ခွက်နေသော နေရာတွင် ဝင်သည်။ သွေးပြန်ကြောသည်လည်း ဤနေရာမှ စ၍ထွက်သည်။ အာရုံကြောနှင့် ဆီးကြောတို့သည် ကျောက်ကပ်တွင်းသို့ ဝင်သောအခါ ကတော့သဏ္ဌာန် ကား၍သွားသည်။ ထိုကားနေသော အပိုင်းကို ကျောက်ကပ်ခွက်ဟု ခေါ်သည်။

ကျောက်ကပ်သားမှာ အတွင်းအပြင် မတူချေ။ အပြင်သားသည် ညို၍ ချောမွတ်သည်။ အတွင်းသားကား ဖြော့သောအဆင်းရှိပြီး အတွင်းဘက်သို့ ချွန်း၍ အမြှောင်းမြှောင်း ပေါ်နေသည်။ ကျောက်ကပ်တစ်ခုလုံး၌ အလွန်သေးငယ် မှုန်မွှားသော ပြွန်ကလေးများ ပြည့်လျက် ရှိသည်။ ထိုပြွန်ကလေးများသည် အပြင်လွှာ၌ တည့်တည့်တန်းလျက် စီနေသည်။ အတွင်းလွှာ၌ကား ခွေလျက် တည်ရှိသည်။

ကျောက်ကပ်သည် သွေးထဲမှ ကျင်ငယ်ရည်အား စစ်ထုတ်ယူ၍ ဆီးကြောမှတစ်ဆင့် ဆီးအိမ်သို့ ပို့ပေးသည်။ ကျောက်ကပ်အတွင်းရှိ သွေးကြောတွင် ဆဲလ်များစီတန်းလျက်ရှိရာ ဤဆဲလ်များသည် ဖြတ်သန်းသွားသော သွေးကြောများမှ ဆီးကိုစစ်ထုတ်ပေးသည်။

လူကောင်းတစ်ယောက်တွင် ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ၃ ပိုင့်မှ ၄ ပိုင့်ခန့်အထိ ဆီးသွားသည်။ ထိုဆီးထဲတွင် ကိုယ်ခန္ဓာတွင်း၌ မလိုအပ်သော အညစ်အကြေးများ ပါသွားသည်။ ထို့ကြောင့် ကျောက်ကပ်၏ စွမ်းရည်များကို ပျက်ပြားအောင် နှောက်ယှက်မှု ဟူသမျှသည် ကိုယ်တွင်း၌ အဆိပ်အတောက် ဖြစ်စေမည့် အညစ် အကြေးများအား စုဝေးစေရာ ရောက်သည့်အပြင် အသက်အန္တရာယ်ကိုပင် ဖြစ်စေနိုင်သည်။ ဥပမာ ဗရိုက်ရောဂါခေါ် ကျောက်ကပ်ရောင် ရောဂါ ဖြစ်သောအခါ ကျောက်ကပ်သည် မိမိ၏ ကိစ္စကို ကောင်းစွာ မဆောင်ရွက် နိုင်တော့ချေ။ ထိုအခါ ယူရီးယားခေါ် အဆိပ်တစ်မျိုးသည် သွားရိုးသွားစဉ်အတိုင်း ဆီးနှင့်အတူ ပါမသွားပဲ သွေးထဲတွင် စုရုံးလာပြီး လူ၏အသက်ကို အန္တရာယ် ဖြစ်စေတတ်သည်။

တစ်ခါတစ်ရံတွင်လည်း ကျောက်ကပ်တွင် ကျောက်တည်၍ ဆီးကြောင်း ပိတ်သွားသဖြင့် ဆီးမသွားနိုင်ပဲ ဖြစ်တတ်သည်။ ထိုအခါမျိုးတွင် ကျောက်ကို လျင်မြန်စွာ ခွဲထုတ် မပစ်နိုင်ပါက မကြာမီ သေဆုံးသွားတတ်သည်။ လူတို့တွင် ဖြစ်တတ်သည့် ရောဂါ အားလုံးလိုလိုပင် ကျောက်ကပ်ကို အနည်းနှင့်အများ ထိခိုက် ပျက်ပြားစေသည်။ ထိုကြောင့် ရောဂါ တစ်ခုခုဖြစ်၍ ဆရာဝန်ထံ သွားရောက် ပြသသည့်အခါ ဆီးကိုချက်၍ ဓာတ်ခွဲကြည့်လေ့ရှိသည်။

ကျောက်ကပ်၏ လုပ်ငန်းဆောင်ရွက်ချက်များ

  • အက်စစ် ဘေ့(စ်) ထိန်းချုပ်ခြင်း
  • သွေးဖိအားကို ထိန်းချုပ်ခြင်း
  • ဟော်မုန်းများကို ထုတ်လွှတ်ခြင်း
  • သွေး၏ ပစ်ဆေးအားကို ထိန်းချုပ်ခြင်း

 မြန်မာ့စွယ်စုံကျမ်း အတွဲ (၂)၊ အပိုင်း-က

ကလေးကြီးပြင်းလာပုံ

 

ကလေးကြီးပြင်းလာပုံ

 

သက်ရှိဟူသရွေသည် တစ်စတစ်စ ကြီးပြင်းလာကြရသည်ချည်းဖြစ်၏။ ယင်းတို့ ကြီးပြင်းလာပုံကို သိလိုလျှင်၊ မွေးဖွားသည့်အချိန်မှစ၍ တဖြည်းဖြည်း အသက် အားဖြင့်၎င်း၊ အရွယ်အားဖြင့်၎င်း၊ စိတ်နေသဘောထားအားဖြင့် ၎င်း၊ ပြုမှုလုပ်ကိုင်ပုံအားဖြင့်၎င်း၊ ကြီးမားပြောင်းလဲလာပုံကို စူးစမ်းကြည့်ရှုသင့်သည်။

သတ္တဝါအပေါင်းတို့သည် မသိနားမလည်သေးသော အကောင်ကလေးဘဝကို လွန်မြောက်ပြီးမှသာလျှင် တတ်သိ နားလည်သော အကောင်ကြီးဘဝသို့ ရောက်ရစမြဲဖြစ်သည်။ အဆင့်အတန်း အမြင့်ဆုံးဖြစ်သော လူသတ္တဝါ မဆိုထားဘိ၊ အနိမ့်ဆုံးဖြစ်သော တိရစ္ဆာန်များပင် အကောင်ကလေးဘဝမှ ကြီးပြင်းလာရ၏။ သို့သော် လူတို့ကြီးပြင်းလာပုံနှင့် တိရစ္ဆာန် များ ကြီးပြင်းလာပုံမှာ ခြားနားသည်။ လူတို့သည် တိရစ္ဆာန် များထက် ကလေးဘဝတွင် ကြာကြာနေရသည်။ သတ္တဝါ အဆင့်အတန်းမြင့်လေ၊ ကြီးပြင်းအောင် ပြုစု စောင့်ရှောက်ရ သည့်အချိန် ပိုကြာလေဖြစ်၏။ အဆင့်အတန်းမြင့်သည့် သတ္တဝါများသည် သားငယ်များကို နည်းပါးစွာ ပေါက်ပွားသော် လည်း၊ အဆင့်အတန်းနိမ့်သည့် သတ္တဝါများသည်ကား သား ငယ် အများအပြား ပေါက်ပွားလေ့ရှိသည်။ သို့ဖြစ်၍ အဆင့် အတန်းမြင့်သည့်သတ္တဝါများသည် ကလေးများကို အချိန်ကြာစွာ စောင့်ရှောက်မွေးမြူနိုင်သည်။ ပမာဆိုလျှင် အဆင့်အတန်းနိမ့် သော ငါးများသည် သားငယ်များကို ကြီးပြင်းအောင် မွေးမြူရ သည်ဟူ၍ မရှိချေ။ တစ်ကြိမ်လျှင် ငါးကလေးပေါင်း မြောက်မြားစွာ ပေါက်ပွားသဖြင့် ငါးမကြီးမှာ ယင်းတို့ကို ပြန်၍ မကြည့်နိုင်တော့ပေ။ အဆင့်အတန်း အမြင့်ဆုံးဖြစ်သော လူတို့မှာမူ တစ်ကြိမ် လျှင် တစ်ယောက်၊ တစ်ခါတစ်ရံ နှစ် ယောက်သာ မွေးသောကြောင့် ကလေးကို အချိန်ကြာမြင့်အောင် မွေးမြူ စောင့်ရှောက်နိုင်သည်။ သို့သော် လူတို့တွင် ထူးကဲစွာ သုံးယောက်၊ လေးယောက်၊ ငါးယောက်အထိ မွေးသည်လည်း ရှိသေးသည်။ လူတို့သည် ကလေးဘဝမှ တဖြည်းဖြည်း ကြီးပြင်းလာ၍ အသက် ၂၁ နှစ်ခန့် ရှိသောအခါ အရွယ် ရောက်သည်။ တစ်နည်းဆိုသော် လူတို့၏ ပျမ်းမျှသက်တမ်း သည် အနှစ် ၆ဝ မျှသာ ဖြစ်ရာ၊ အရွယ်ရောက်သည့်အချိန် အထိ သက်တမ်းသုံးပုံတစ်ပုံကြာသည်။ တိရစ္ဆာန်များအဖို့ကား ခြောက်ပုံ တစ်ပုံခန့်သာ ကြာသဖြင့်၊ လူသည် မိဘကို ပို၍ ကြာမြင့်စွာ မှီခိုရှင်သန်ရသည်။

 ကိုယ်ခန္ဓာကြီးထွားလာပုံ

 

ကလေးများသည် အမိဝမ်းတွင်း၌ ပဋိသန္ဓေ တည်သည့်နေ့မှစ၍ တစ်နေ့ထက်တစ်နေ့ အခြေအနေ ပြောင်းလဲတိုးတက်လာသည်။ ပဋိသန္ဓေတည်စတွင် ကလေး၏ အလေးချိန်သည် တအောင်စ ကို အစိတ်ပေါင်း ၅၆ သန်းမျှ စိတ်လျှင် တစ်စိတ်သာရှိ၍ တစ်နေ့တစ်ခြား အလေးချိန်တိုးတက်လာရာ မွေးဖွားသောအခါ၊ ကလေးမှာ ပျမ်းမျှခြင်းအားဖြင့် ၇ပေါင်ခန့် ရှိတတ်သည်။ ခြောက်လသားခန့် ရှိသောအခါအလေးချိန်သည် နှစ်ဆဖြစ်လာ ၍၊ အခါလည်သား ရှိသောအခါ သုံးဆဖြစ်လာသည်။ အရပ်မှာလည်း ၂၁ လက်မမှ လက်မ ၃ဝအထိ တိုးတက်လာ သောကြောင့်၊ ကလေးများသည် ဤနို့စို့အရွယ်တွင် အလွန် ကြီးထွားလွယ်သည်ဟု ဆိုရပေမည်။ မတ်တတ်ပြေးစ အရွယ် ရောက်သော ပထမနို့စို့အရွယ်ကလောက် တစ်ရှိန်တည်း တက် ၍ မသွားတော့ချေ။ ကိုယ်လုံးနှင့်အရပ်မှာ ခပ်မှန်မှန်သာ ထွက် လာ၏။ ထိုကြောင့် ၆ နှစ် သားကလေး၏ အလေးချိန်မှာ မွေးစကထက် ခြောက်ဆသာရှိ၍၊ ၁ဝ နှစ်တွင် ဆယ်ဆ၊ ၂ဝ တွင် အဆနှစ်ဆယ်သာ ရှိသည်။ အရပ်အမောင်းမှာလည်း ထိုနည်းနှင်နှင်ပင် ခပ်မှန်မှန် ထွက်လာ၏။ သို့သော် ထိုမှ ရှေ့သို့ ကိုယ်ခန္ဓာ တိုးတက်ကြီးထွားခြင်း မရှိတော့သည့် အသက် ၂ဝ အရွယ်တွင် မွေးစကအယပ်ထက် သုံးဆ ရှည်ထွက်လာသည်။ နို့စို့အရွယ်တွင် ၆ နှစ်မှ ၂ဝကြား အရွယ်တွင် ကြီးထွားမှုသည် တဖြည်းဖြည်း နှေးသွားသည်။ မိန်းကလေးနှင့် ယောက်ျားကလေးနှစ်ဦးတွင် မိန်းကလေး သည် ယောက်ျားကလေးထက် စော၍ အရွယ်ရောက်၏။ အများအားဖြင့် နှစ်နှစ်ခန့်စောသည်။ အသက် ၁၄ နှစ်ခန့် အရွယ် မိန်းကလေး တစ်ယောက်သည် အရွယ်တူ ယောက်ျား ကလေးထက် ကိုယ်အလေးချိန်တွင်လည်းကောင်း၊ အရပ်အမောင်းတွင် လည်းကောင်း သာနေကြောင်းကို တွေ့ရ၏။ ကလေးများ ကြီးထွားလာ ရာ၌ အရိုးအခြင်၊ ဦးနှောက်နှင့် ကိုယ်ခန္ဓာအချိုးအစားတို့ သည် တဖြည်းဖြည်း ပြောင်းလဲနေသည်။ ငယ်ရွယ်သောကလေး များ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ၌ အရိုးနုကလေးများသာ ပါဝင်နေသည်။ ယင်းတို့သည် အလွန်နုနယ်သဖြင့်၊ ကလေးငယ် များကို ကိုယ်တွယ် သည့်အခါ ပွေ့ချီသည့်အခါများ၌ အထူး သတိထားရသည်။ လူကြီးများ၏ ပကတိအရိုးကဲ့သို့ မမာ သေးသောကြောင့်၊ ကလေးများသည် မည်သည့်အရာကိုမဆို လက်ဖြင့်ကောင်းစွာ မဆုပ်ကိုင်နိုင်သေးချေ။ သူတို့၏ ကိုယ် ခန္ဓာမှာလည်း တောင့်တောင့်တင်းတင်း မရှိလှသေးသဖြင့်၊ ခိုင်မြဲစွာ မထိုင်နိုင် မရပ်နိုင်ချေ။ တဖြည်းဖြည်းနှင့် ကလေး များစားသော အစာထဲမှ ဆားဓာတ်တို့သည် သူတို့၏ အရိုးနု ကလေးများကို မာလာစေ၍၊ ပကတိအရိုးအဖြစ်သို့ ပြောင်းလဲ သွားစေသည်။ ကလေးများ၏ဦးနှောက် ငယ်ရွယ်စဉ်အခါတွင် အလွန်ကြီးထွားလွယ်၏။ အသက် ၆နှစ်အရွယ်ရှိ ကလေး၏ ဦးနှောက်သည် လူကြီး၏ဦးနှောက်နှင့် တစ်ရွယ်တည်း ဖြစ် သည်။ ကိုယ်ခန္ဓာ အချိုးအစားမှာလည်း ပြောင်းလဲလာသော ကြောင့်၊ မွေးခါစတွင် ကလေး၏ဦးခေါင်းသည် ကိုယ်အရှည်၏ လေးပုံတစ်ပုံခန့်ရှိသော်လည်း အရွယ်ကြီးလာသောအခါ ရှစ်ပုံ တစ်ပုံသာ ရှိတော့သည်။ ထို့ပြင် မျက်နှာပုံသဏ္ဌာန်မှာလည်း ထင်ထင်ရှားရှား ပြောင်းလဲသွား၏။ ငယ်ရွယ်သော ကလေး၏ နဖူးသည် သက်ကြီးများ၏နဖူးထက် ပို၍မိုမောက်ပြီးလျှင် မေးစေ့မှာမူ သေးငယ်သည်။ တဖြည်းဖြည်း ကြီးပြင်းလာသော အခါ၊ နဖူးမှာ ပြေသွားလျက် မေးစေ့သည် ပို၍ပေါ်လွင်လာ၏။ မျက်နှာသွင်ပြင်မှာ ထိုသို့ ပြောင်းလဲသွားသောကြောင့် ကလေး မျက်နှာနှင့် လူကြီးမျက်နှာမှာ အတော်ပင် ကွာခြားပေသည်။ ဤသည်ကိုပင် ငယ်ရုပ်ပျောက်သွားသည်ဟု ဆိုကြသည်။ လူတို့သည် ငယ်ရာမှကြီးလာရာ၊ ထိုကြီးလာပုံကို သေချာ စေ့ငုစွာ ကြည့်ရှုသော် အလွန်ဆန်းကြယ်ကြောင်း တွေ့ရ၏။ အမိဝမ်းတွင်း၌ ကလလရေကြည် တည်ဦးစမှ ခန္ဓာပျက်ပြုန်း အသက်ကုန်ဆုံးရသည့် အချိန်အထိ၊ လူတို့၏ အခြေအနေသည် အမြဲပြောင်းလဲနေသည်။ အသက်အလိုက် ပိုင်းခြား၍ ကြည့် မည် ဆိုသော်၊ မွေးစမှ လမ်းလျှောက်တတ်သည့်အရွယ်အထိကို နို့စို့အရွယ်၊ ၁နှစ်မှ ၃ နှစ်အထိကို မတ်တတ်ပြေးအရွယ်၊ ၃ နှစ်မှ ၆ နှစ်အထိကို စကားသင်အရွယ်ဟူ၍ ခွဲခြားနိုင်ပြီးလျှင်၊ အရွယ်သုံးမျိုးစလုံးကိုခြုံ၍ ရှေးဦးကလေးဘဝဟု ခေါ်ကြ၏။ အလယ်ကလေးဘဝမှာ ၆ နှစ်အရွယ်မှ ၁ဝနှစ်အရွယ်အထိ ဖြစ်သည်။ နှောင်းကလေးဘဝမှာမူ ၁ဝ နှစ်အရွယ်မှစ၍၊ ယောက်ျားကလေးများအဖို့ ၁၃ နှစ်မှ ၁၆ နှစ် အကြား ရှင်ပြု ချိန်အရွယ်၊ မိန်းကလေး များအဖို့ ၁၂ နှစ်မှ ၁၅ နှစ် အကြား အပျိုဖျန်းအရွယ်အထိ ဖြစ်သည်။ ယင်း သည့်နောက်တွင် လူပျို ဖော် အပျိုဖော် ဝင်လာကြပြီးလျှင်၊ ၁၈ နှစ်မှ ၂ဝ အကြား အရွယ်အထိ အစွမ်းကုန် ကြီးထွားသည်။ အသက် ၂ဝ ကျော် ၃ဝ နီးပါးအရွယ်မှစ၍ ကာယဗလ၊ ဉာဏဗလ၊ ရူပဗလစသော ဗလများ ဖွံ့ဖြိုးလာပြီးလျှင်၊ တဖြည်းဖြည်း ထိုဗလများ အား နည်းယိမ်းယိုင်သည့်ဖက်သို့ လှမ်းလာသော အသက် ၄ဝ မှ ၆ဝ အကြား အရွယ်အထိမှာ လူကြီးပိုင်းဖြစ်သည်။ ထို့ထက် ကြီးရင့်လာသည့်အခါ၊ အိုမင်းမစွမ်းဖြစ်လာပြီးလျှင် သူငယ်ပြန် အရွယ်သို့ရောက်၍၊ နောက်ဆုံးသေသည့်အချိန်သို့ တဖြည်းဖြည်း ရွေ့သွားလေတော့သည်။

ဤသို့ တစ်သက်တာတွင် မွေးသည့်အချိန်မှ သေဆုံး သည့်အချိန်အထိ၊ လူတို့၏ အခြေအနေသည် တစ်ဆင့်ပြီး တစ်ဆင့် ပြောင်းလဲသွားသည်။ ထိုသို့ အဆင့်ဆင့် ပြောင်းလဲ သွားရာတွင်လည်း၊ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကျား၊ မ လိုက်၍ အနည်းငယ်ကွဲပြား၏။ ထို့ပြင် လူမျိုးတစ်မျိုးနှင့် တစ်မျိုးသည် ကြီးထွားပုံချင်းတွင် ကွာခြားသည်။ အသက် ၁ဝ နှစ် အရွယ်ရှိ ကလေးတယောက်၏ အရပ်သည် ၄၇ လက်မ ရှိသော်လည်း၊ သူနှင့်ရွယ်တူအမျိုးခြား ကလေးတစ်ယောက်၏ အရပ်သည် ၆ဝ ရှိနေသည်ကို တွေ့ရသည်။ တစ်ခါတစ်ရံ မျိုးတူရွယ်တူ ကလေးများပင် ထိုသို့ကွာခြားနေသည်ကို တွေ့ရ ပြန်၏။ လူကြီးများတွင် အချို့မှာ ၅ ပေရှည်၍ အချို့မှာ ၆ပေ ရှည်သည်။ ပမာပြရသော်၊ အမေရိကန်လူမျိုးတို့သည် အီတာလျံ လူမျိုးတို့ထက် အများအားဖြင့် အရပ်ပို၍မြင့်၏။ အနောက် တိုင်းသားများသည်လည်း ယေဘုယျအားဖြင့် မြန်မာထက် အရပ် မြင့်သည်။ လူများသည် အရပ်အမောင်းတွင်သာ ကွာခြားသည်မဟုတ်၊ လူ၏ အချိုးအစားနှင့် အလေးချိန်တို့တွင် လည်း ကွာခြားသေးသည်။ ဤသို့ လူတစ်မျိုးနှင့်တစ်မျိုး အချိုး အစား မတူခြင်း၊ အလေးချိန် မမျှခြင်း၊ အရပ်အမောင်း မနှိုင်း သာခြင်းတို့မှာ၊ ဇာတိချက်ကြွေ ရပ်မြေဌာနများ၏ ရာသီဥတု အစားအသောက်နှင့် ပတ်ဝန်းကျင် အခြေအနေ စသည်တို့၏ ဖန်တီးမှု၊ လူတစ်ဦးစီ၏ ကျန်းမာရေးအခြေအနေ စသည်တို့ ကြောင့် ဖြစ်ရသည်ဟုဆိုသည်။

ကလေးများ ကြီးပြင်းလာရာတွင် ကိုယ်ခန္ဓာ အစိတ်အပိုင်း များ အဆင့်ဆင့် ပြောင်းလဲ တိုးတက်လာသည့် အမျှ၊ ထို အစိတ်အပိုင်းများကို သူတို့ အသုံးချတတ်လာပုံတို့မှာ၊ ပမာ ဆိုသော် မျက်စိကို အသုံးချတတ်လာပုံ၊ ခြေလက်ဦးခေါင်း စသည်တို့ကို အသုံးချတတ်လာပုံတို့မှာ၊ အထူး စိတ်ဝင်စားဖွယ် ကောင်းပေသည်။ မွေးစကလေးသည် မည်သူမျှ သင်မပေးရဘဲ နှင့် နို့စို့တတ်၏။ မိခင်သည် သားငယ်ကို ရင်ခွင်၌ ပိုက်ကာ နို့ကို ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက်၊ ကလေးသည် သူ၏အာဟာရဖြစ်သော နို့ရည်ကို ကောင်းမွန်စွာ အားပါးတရစို့တတ်သည်။ တစ်လသားကလေးသည် သူ၏ စက္ခုအကြည်တည်းဟူသော မျက်စိအာရုံကို ခံစားရန်၊ အရောင် တောက်ပ၍ ကြီးမားသော အရာဝတ္ထုများကို စူးစိုက်၍ ကြည့် တတ်စ ပြုလာသည်။ နှစ်လလောက်ရှိသောအခါ၊ ရွေ့လျား နေသော အရာဝတ္ထုများကို ရွေ့လျားရာဖက်သို့လိုက်၍၊ သူ၏ မျက်လုံးကလေးနှင့်တကွ ဦးခေါင်းကိုပါ စောင်းငဲ့၍ လှည့်ကာ ပတ်ကာ ကြည့်တတ်လာ၏။ ကလေးသည် သူ့ကိုယ်အင်္ဂါ ကလေးများကို မည်ကဲ့သို့ အသုံးချရမည်ကို သူ့ဘာသာ တစ တစစမ်း၍ သင်နေခြင်းပင်ဖြစ်လေသည်။

ကလေးသည် မွေးခါစ၌ လက်များရှိသော်လည်း ကိုင်ရ ကောင်းမှန်း မသိပေ။ သို့သော် လက်ဖဝါးပေါ်သို့ အရာဝတ္ထု တစ်ခုခု ချပေးလိုက်လျှင် လက်ချောင်းကလေးများဖြင့် ဆုပ် ထားတတ်၏။ နောက် တဖြည်းဖြည်း သူသည် လက်ကို အသုံးချတတ်လာပြီးလျှင်၊ မျက်စိဖြင့် မြင်နေသော အရာဝတ္ထု များကို သူ့လက်ဖြင့် ဆွဲယူ ကိုင်တွယ်တတ်လာသည်။ ထိုနောက် ခြေထောက်ကလေးကို မည်ကဲ့သို့လှုပ်ရှားရမည်ကို စမ်းကြည့်ပြန်၏။ ငါးလသားကလေးတယောက်ကို ခြေများ ထောက်နေအောင် ချီထားလျှင်၊ သူသည် ခြေများကို တစ်ဖက် ပြီးတစ်ဖက် ရွေ့လျားလှုပ်ကန်ကြည့်တတ်သည်။ လူကြီးများ လမ်းလျှောက်လျှင် ဘယ်ခြေပြီးမှ ညာခြေလှမ်း၊ ညာခြေပြီးမှ ဘယ်ခြေလှမ်းသကဲ့သို့၊ ကလေးသည် အစဦးစွာ လှုပ်ရှား ကတည်းက ခြေထောက်ကို တစ်ဖက်ပြီးမှတစ်ဖက် လွှဲ၍ လှုပ် တတ်၏။ တစ်ခါတစ်ရံ ကန်လေ့ရှိ၏။ ခြေထောက်များကို လှုပ်တတ်လာသောအခါ၊ ကိုယ်ကို လှုပ်ရှားတတ်အောင် တစ်ဆင့်တက်၍ လေ့ကျင့်ပြန်၏။ သာမန်အားဖြင့် ကလေး သည် ရှစ်လသားသာသာတွင် လေးဖက်တွားစပြုသည်။ အစ တွင် ဝမ်းလျားမှောက်ကာ ကြမ်းပြင်ပေါ်၌ အားယူပြီးလျှင်၊ အရှေ့သို့ တိုး၍တိုး၍ သွားကြည့်၏။ နောက်မှကိုယ်ကို ကြမ်း က ခွာကာ လေးဖက်ထောက်၍ သွားသည်။ အချို့ကလေးများ ကမူ ဖင်ရွှေ့ကာ ရွှေ့ကာနှင့်သာ သွားတတ်၏။ ဝမ်းလျားထိုး တတ်၊ ထိုင်တတ်၊ လေးဖက်တွားတတ်ပြီးသော် မတ်တတ် ရပ် နိုင်ရန် လေ့ကျင့်ပြန်၏။ မတ်တပ်ရပ်သင်နေသော ကလေးသည် ပထမတွင် လက်ရန်းကိုဖြစ်စေ၊ ကုလားထိုင်စားပွဲစသော သူတို့ မှီတန်သလောက် အားပြုစရာပစ္စည်း တစ်ခုခုကိုဖြစ်စေ၊ လက် ဖြင့် ဖေးမကိုင်တွယ်ယင်း ခြေကိုတစ်လှမ်းချင်း စမ်း၍လျှောက် ကြည့်၏။ ကလေးသည် သူ့ကိုယ်သူ အတော်ဟန်နိုင်မှသာ လက်လွှတ်ကာ စွန့်စွန့်စားစား အကူအညီမပါဘဲ စမ်း၍ လျှောက် တော့သည်။ လမ်းလျှောက်စအရွယ်တွင် မိခင်၏ ကြည့်ရှုစောင့်ရှောက်ပြုစုမှု များစွာလို၏။ ခြေထောက်များ လမ်း လျှောက်သောအခါ ခွင်မနေအောင်၊ ခြေကို အချက်ကျကျ လှမ်း တတ်အောင်၊ ခြေဖည်ယမ်း မဖြစ်ရအောင်၊ မိခင်က သွန်သင် ပြုပြင်ပေးသင့်၏။ လမ်းလျှောက်တတ်ပြီးသော ကလေးသည် သူ၏အခက်အခဲများကို ကျော်လွန်နိုင်ခဲ့ပြီဖြစ်၍၊ ဝမ်းသာ အားရနှင့် ဟိုမှသည်မှ အမြဲပြေးလွှား၍သာ နေလိုပေသည်။ လမ်းလျှောက်တတ်ခဲ့လျှင် ပြေးတတ်ရန် မခဲယဉ်းတော့ပေ။ ကိုယ်ခန္ဓာအတွင်းရှိ လှုပ်ရှားမှုဆိုင်ရာ အကြော ကြွက်သား စသည်တို့မှာ ကျင့်သားရသွားပြီဖြစ်သောကြောင့်၊ စိတ်အာရုံ မစူးစိုက်ရတော့ဘဲ အလိုအလျောက် စနစ်တကျ လှုပ်ရှားနိုင် လာသည်။ အများအားဖြင့် အခါလည်လျှင် ကလေးသည် ကောင်းစွာ လမ်းလျှောက်တတ်၏။ အချို့ကလေးများသည် ၁၄ လ ၁၈ လလောက်မှ ကောင်းစွာ လျှောက်တတ်၏။ ကလေးများသည် နောက်တစ်ဆင့်တက်၍ စကားပြောတတ် အောင် အသံထွက်တတ်အောင် ကြိုးစား ရပြန်သည်။ ကလေး သည် မွေးလျှင်မွေးခြင်း အသံပြုတတ်သည်။ သို့သော် အော်၍ ငိုသည်မှအပ၊ သူ့မှာ အခြားမည်သို့မျှ အသံထွက်အောင် ပြုလုပ်နိုင်ခြင်း မရှိသေးချေ။ တစ်ခါတစ်ရံ ဝူးဝါးနှင့်အသံ ပြုတတ်၏။ တစ်နှစ်သားလောက် ရှိသွားသောအခါ သူသည် လူ့လောကသို့ ရောက်သည်မှာ အတော်ကြာသွားပြီဖြစ်သော ကြောင့်၊ လူတို့ ပြုသမျှ ပြောသမျှတို့ကို အာရုံငါးပါးဖြင့် ခံစား ရ၍ အတုခိုးလိုစိတ်များ ပေါ်လာ၏။ မိခင်နှင့်တကွ ပတ်ဝန်း ကျင်ရှိ လူများ စကားပြောသံကို သူသည် နေ့စဉ်ကြားနေရာ၊ နားရည်ဝလာသောကြောင့် ထိုကဲ့သို့သော အသံမျိုးကို သူ ကိုယ်တိုင် ထွက်တတ်ချင်လာသည်။ သူသည် အသံကို ဖမ်း တတ်လာသောကြောင့်၊ သူ့ကို မြှူချော့နေလျှင် ဤအသံသည် သူ့အား ပျော်ရွှင်မှုကို ဖန်တီးပေးကြောင်း သူနားလည်သဖြင့် ပြုံးရွှင်ရယ်မော၏။ ချောက်လှန့်ငေါက်ငန်းလျှင် သူသည် အသံကို ကျက်မိပြီဖြစ်သောကြောင့် မဲ့ရွဲ့ကာ ငိုရန်ပြင်၏။ တစ်ခါတစ်ရံ အကယ်ပင် ငိုသည်။ ဤသို့ အသံအကြောင်း ကောင်းစွာ သိတတ်လာသော အရွယ်တွင် ကလေးသည် စကား စတင်၍ ပြောရန် ကြိုးစား၏။ ကလေးသည် အစပထမတွင် ရိုးရိုး အာခေါင်သံနှင့် တစ်လုံးချင်းအသံများကိုသာ ပြုတတ်၏။ နောက်မှ အဓိပ္ပာယ်မပေါက်သေးသော နှစ်လုံးဆက်၊ သုံးလုံး ဆက်အသံများကို အတုခိုး၍ မပီကလာ ပီကလာနှင့် ပြောတတ် လာသည်။

ကလေးသည် အသံကိုမှန်း၍ တစ်လုံးစနှစ်လုံးစ စမ်းပြော ကြည့်ခြင်းဖြစ်၏။ ကလေးများသည် အလွန် အတုခိုးကောင်း သည်။ လူကြီးက ပြောလိုက်သော အသံကိုမှတ်၍ ထိုအသံကို ထပ်တလဲလဲပြုခြင်းဖြင့် ကလေးသည် စကားလုံးများကို ပြော တတ်လာသည်။ စကား မတတ်တတတ် အရွယ်တွင် ကလေး သည် သူအလိုရှိသော ပစ္စည်းများကို ရယူလို၍ဖြစ်စေ၊ သူပြုခဲ့ ပြီးသော အမူအရာကိုပြလို၍ဖြစ်စေ၊ အိုးတိုးအတနှင့် စကား ပြောလေ့ရှိ၏။ အသက် တဖြည်းဖြည်း ကြီးလာသောအခါ၊ ကလေးသည် အရာဝတ္ထုများတွင် အမည် အသီးသီးရှိသည်ကို ရိပ်မိလာသဖြင့် ဒါဘာလဲ၊ ဟိုဟာဘာလဲ စသည်ဖြင့် မေးစမ်း တတ်လာ၏။ ဤနည်းဖြင့် နှစ်ခါလည်လောက်တွင် ကလေး သည် စကားကို နှစ်လုံးဆက် သုံးလုံးဆက် ပြောတတ်လာကာ၊ သုံးနှစ်ခွဲလောက်တွင် ကောင်းကောင်း စကားတတ်လာ၍၊ လွယ်ကူသည့်စကားလုံးများဖြင့် သူလိုချင် ပြောချင်သမျှကို မေး တတ်လာသည်။ ၃ နှစ်နှင့် ၄ နှစ်ကြား ကလေးများသည် အလွန်စကား တတ်လွယ်၍၊ထိုအရွယ်၌ သင်ပေးသမျှ ကြား သမျှ ဝေါဟာရစကားလုံးများကိုလည်း သူနားလည်လွယ်၏။ ၅ နှစ်သားအရွယ် ကျောင်းပို့ချိန်သို့ ရောက်သောအခါ၊ ကလေးမှာ အတိုင်းထက်အလွန် စကားကြွယ်နေပြီ ဖြစ်သည်။

စကားတတ်လာသော ကလေး၏ အသိဉာဏ် အခြေအနေ သည် တဖြည်းဖြည်း တိုးတက်လာ၏။ အထူးသဖြင့် အသက် ၅ နှစ်မှ ၁၆နှစ်အထိ အချိန်အတွင်းတွင်သာ ကလေးများ၏ အသိဉာဏ်သည် တိုးတက်ဖွံ့ဖြိုးသည်။ ထိုအသိဉာဏ်သည် တိုးတက်ဖွံ့ဖြိုးသည်။ ထိုအသက်မှ ကျော်လွန် အသိဉာဏ်သည် တိုးတက်ဖွံ့ဖြိုးသည်။ ထို သွားသော် ကိုယ်ကာယ ဖွံ့ဖြိုးခြင်း ဖြည်းနှေးသွားသကဲ့သို့၊ အသိဉာဏ် တိုးတက်မှုသည်လည်း နှေးကန်သွား၏။ သို့သော် ဗဟုသုတ၊ အလိမ္မာ၊ စဉ်းစားဆင်ခြင်မှု စသည်တို့ကား တိုးတက်လာသည်။ 

 

 

စိတ်တိုးတက်ရင့်သန်လာပုံ

 

 နို့စို့အရွယ်ကလေးသည် သူ၏ကိုယ်မှလွဲလျှင် ပတ်ဝန်းကျင် လောကကို အနည်းငယ်မျှ စိတ်မဝင်စားသောကြောင့်၊ သူ့ကိုယ်ကိုပင်သူ အမျိုးမျိုး လှုပ်ရှားကစားနေတတ်၏။ လက် ကလေးများဖြင့် ခေါင်းကုတ် ခြင်း၊ နဖူးကိုခြစ်ခြင်း၊ ခြေမဖျား ကလေးကို ပါးစပ်ထဲသို့ ထိုးသွင်းခြင်း စသည်ဖြင့်၊ သူ့ကိုယ် ခန္ဓာ အစိတ်အပိုင်းကိုသာ သူအသုံးချ၍ စိတ်ပျော်ရွှင်မှုကို ဖန်တီးရ၏။ အနည်းငယ် ကြီးပြင်းလာသော် သူ့စိတ်သည် ပတ်ဝန်းကျင်သို့ အာရုံပြောင်းသွားသောကြောင့်၊ သူ့အနီးအနား ရှိ အရာဝတ္ထုတို့ကို ကိုယ်တွယ် ကြည့်ခြင်း၊ သူမမြင်ဘူးသေးသူ များကို စူးစူးစိုက်စိုက် စိတ်ဝင်စားစွာ ကြည့်ခြင်း၊ မြင်သမျှ အရာများကို စပ်စပ်စုစု မေးမြန်းခြင်းစသည်တို့တွင် စိတ် ထက်သန်လာ၏။ ၄ နှစ် ၅နှစ်သား ကလေး၏စိတ်တွင် ကိုယ် နှင့်သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင်သည်ဖြစ်စေ၊ အလွန် သိချင်သော အာသာများ ရှိနေတတ်သည်။ ဤအရွယ်၌ ကလေးများသည် သူတို့အလိုမပြည့်မခြင်း လူ ကြီးများကို နားပူနားဆာပြုကာ မေးမြန်း တတ်၏။ ကစားစရာ မီးရထားတွဲဖြစ်စေ၊ မော်တော်ကား ဖြစ်စေ၊ ဝယ်ပေးထားသော် သူတို့၏ သိချင်စိတ်ဇောကြောင့် ထိုပစ္စည်းကလေးများကို ဖျက်ဆီးပစ်တတ်၏။ တစ်ခါတစ်ရံ ကစားစရာ အစအန များကို ကောက်ယူ၍ သူတို့ကိုယ်တိုင် အိမ်ကလေးသဖွယ် ဆောက်လုပ်ခြင်း၊ သင်္ဘောသဖွယ်ပြု၍ ရေစီးကြောင်းများ၌ မှောက်ကာ ကစားခြင်း စသည်ဖြင့်၊ ပတ်ဝန်းကျင်တွင် မြင်ဘူး သည့်အရာများနှင့်မတူ တူအောင် သရုပ်ဆောင်၍ ကစား လေ့ရှိသည်။ ဤအရွယ် ကလေးများ၏ စိတ်၌ သဏ္ဌာန်လုပ် သရုပ်ပေါ်လွယ်၏။ မဟုတ်မဟတ်ကို တကယ်ထင်တတ်၏။ တစ်ခါတစ်ရံ မြင်းစီးလာသူကိုတွေ့က၊ အိမ်၌ရှိသော တံမြက် စည်းကို ခွစီးကာ ခုန်ပေါက်ပြေးလွှားခြင်းဖြင့်၊ သူတို့ကိုယ် သူတို့ တကယ် မြင်းကြီးစီးနေရသကဲ့သို့ စိတ်ထဲ၌ အလွန် ကျေနပ်နေတတ်သည်။ တစ်ယောက်နှင့်တစ်ယောက် ခါးကို ဖက်၍ မီးရထားတွဲသဖွယ် စီတန်း ဆွဲသွားရလျှင် အကယ်ပင် မီးရထားတွဲဟု စိတ်ထဲ၌ ထင်တတ်ကြ၏။ ထို့ကြောင့် သူတို့ ကို ဒဏ္ဍာရီပုံပြင် များ ပြောပြသောအခါ၊ သူတို့စိတ်ထဲ၌ ပုံထဲတွင်ပါသော အဖြစ်အပျက်များကို တကယ့်အဖြစ်အပျက် များဟု ထင်နေတတ်ပြီးလျှင်၊ ထိုပုံကို သဘောကျက ထပ်တ လဲလဲသာ ကြားလိုကြ၏။ ဤအရွယ်သည် အလွန်အတုခိုးတတ်သော အရွယ်ဖြစ်၏။ လူကြီးများ ပြုမှုလုပ်ကိုင်သည်ကိုကြည့်၍၊ သူတို့ကလေး အချင်းချင်း လူကြီးများလုပ်သကဲ့သို့ အတုခိုးကာ လုပ်တတ်ကြ ၏။ ကစားစရာ ပစ္စည်းကလေးများကို စက္ကူကတ်ပြားများဖြင့် သူတို့၏ ထက်မြက်သောဉာဏ်စွမ်းဖြင့် အတုယူကာ မတူ တူအောင် လိုက်လုပ်နိုင်ကြ၏။ အသက် ၆နှစ်မှ ၁ဝ နှစ် ၁၁ နှစ်ကြားရှိ ကလေးများ၏ အာရုံ ငါးပါးသည် အလွန်ထက်သန် နေသောကြောင့်၊ သူတို့သည် လူကြီးများထက် ကွဲပြားစွာ မြင် တတ်၏။ နားဖြင့် အသံကို ခွဲခြားတတ်လာ၏။ နှာခေါင်း၊ လျှာ၊ ကိုယ်အတွေ့ စသည်တို့၌လည်း အာရုံကို ကောင်းစွာ ခံစားတတ်လာသည်။ စိတ်၏ လှုပ်ရှားမှုများ ဤအသက်အရွယ် တွင် ပေါ်လာတတ်၏။ ကျောင်းသို့ရောက်ပြီ ဖြစ်သောကြောင့်၊ သူတို့သည် ငယ်ရွယ်စဉ်ကကဲ့သို့ မိဖ နားကပ်၍ ပွတ်သီး ပွတ်သပ် မနေလိုတော့ချေ။ သူငယ်ချင်း အပေါင်းအဖော်များ နှင့်သာ ကစားနေလို၏။ ပြိုင်ဆိုင်လိုစိတ်၊ အတုခိုးလိုစိတ်များ ဖြစ်ပေါ်လာ၏။ မိမိကိုယ်တိုင်လုပ်ထားသော အရာများကို ပြစားလိုစိတ်ရှိလာပြီးလျှင် ကိုယ့်ကိုယ်ကို အားကိုးယုံကြည် တတ်လာသည်။ သူတို့ကို ချီးမွမ်းလိုက်လျှင်လည်း အလွန် ကျေနပ်၍၊ ဆတက်ထမ်းပိုး တိုး၍ ကောင်းအောင် လုပ်တတ် ၏။ သူတို့ကို ချောက်လှန့်လျှင်လည်း ကြောက်ရွံ့တတ်သည်။ ထိုကြောင့် ဤအရွယ် ကလေးများကို လိမ်မာရေးခြားရှိလာ အောင်၊ အခါအားလျော်စွာ ကြိမ်ပြ၍ ချောက်တန်ချောက်၊ ဆုပြ၍ မြှောက်တန်မြှောက်ရသည်။ ကလေးတို့၏မှတ်ဉာဏ်အကောင်းဆုံးအရွယ်သည် ၆ နှစ်မှ ၁၆ နှစ်ကြားဖြစ်၍၊ သူတို့၏တစ်သက်တာတွင် အသုံးကျမည့် ပညာရပ်များကို ထိုအချိန်အတွင်း အားတိုက်ခွန်တိုက် သင် ကြား ပေးနိုင်ပေသည်။ သူတို့ ဦးနှောက်သည် မည်သည်ကိုမဆို ကာလကြာအောင် မှတ်မိနိုင်သည်။ အသက်ကြီးလာသည့်အခါ ထိုစွမ်းရည်သည် နည်းပါးသွားတတ်၏။ ၅ နှစ်သား အရွယ်က ဒဏ္ဍာရီပုံပြင်များကို နှစ်သက်ယုံကြည် သလောက် ယခု အရွယ်တွင် ထိုပုံပြင်များကို မနှစ်ခြိုက်တော့ချေ။ သူတို့၌ စဉ်းစားဉာဏ်ကလေး ဝင်လာပြီ ဖြစ်သောကြောင့် ပြောတိုင်း မယုံတော့ချေ။ တကယ့်အဖြစ်အပျက်များကိုသာ ကြားလိုကြ၏။ တကယ် အသုံးချနိုင်သည့် အရာဝတ္ထုပစ္စည်းများကိုသာ ကိုင် တွယ်လို၏။ မည်သည်ကိုမဆို လေ့ကျင့်လိုက်လျှင် အလွန် ရလွယ် မှတ်မိလွယ်သော အချိန်ဖြစ်သဖြင့်၊ ဤအရွယ်တွင် အကျင့်ကောင်းများ စွဲသွားအောင် ပြုပြင် သွန်သင်ပေးရန် အထူးပင် လိုအပ်သည်။ မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါ ဆိုသကဲ့သို့ သူတို့ကို လူလိမ္မာကလေးများ လူရည်ချွန် ကလေး များ ဖြစ်လာနိုင်စေရန် ပတ်ဝန်းကျင် အခြေအနေကောင်းများ နှင့် နီးစပ်အောင် ဖန်တီးပေးရပေမည်။ သူတို့၏ စိတ်သည် နုနယ်နေ၍ ပြောင်းလဲလွယ်သဖြင့် ဆွယ်သည့်ဖက်ကို ပါနိုင် လေရာ၊ ကောင်းရာလမ်းကိုဆွယ်ရန် ကြိုးစားရမည်။ ဥဒါဟရုဏ်၊ သူတို့သည် အသင်းအပင်းဖွဲ့၍ မိတ်ဆွေများနှင့် အတူ သွား အတူလာ နေလိုသောစိတ် ရှိတတ်သဖြင့်၊ ကျောင်းနေစဉ် ကပင် ကင်းထောက် အဖွဲ့၊ ကင်းထောက်မယ် အဖွဲ့တို့ကို စနစ်တကျ ဖွဲ့စည်းပေးခဲ့ပါမူ၊ နောင်ကြီးပြင်းသော အခါ၊ အသင်းအပင်း သမဝါယမလုပ်ငန်း စသည်တို့၌ ဝါသနာ ပါ သွားပေမည်။ 

 

 မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)

ခန္ဓာဗေဒ

  ခန္ဓာဗေဒ (Anatomy) ဆိုသည်မှာ ဇီဝဗေဒ ပညာရပ်အကိုင်းခွဲတစ်ခုဖြစ်ပြီး သက်ရှိအရာများတွင်ရှိသောဖွဲ့စည်းပုံကိုလေ့လာခြင်းဖြစ်သည်။ ခန္ဓာဗေဒ ဟုမြ...